မေလ ၄ ရက်
မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဖိလစ်ပိုင် အရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဇန်နဝါရီလကတည်းက အင်အားအနည်းငယ်ဖြင့် မကြာခဏ ပေါက်ကွဲနေသော မေယွန်မီးတောင်သည် ကြီးမားစွာ ပေါက်ကွဲထွက်လာခြင်းမျိုး မဟုတ်သော်လည်း မီးတောင်၏ အနောက်တောင်ဘက် တောင်စောင်းပေါ်တွင် စုပုံနေသော ချော်ရည်ထုကြီးသည် စနေနေ့ ညမမှောင်မီအချိန်တွင် ရုတ်တရက် အောက်သို့ ပြိုကျကာ အပူရှိန်ပြင်းသော ကျောက်တုံးများ၊ ပြာများနှင့် ဓာတ်ငွေ့များ ပါဝင်သည့် မီးတောင်ချော်ရည်စီးကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒအဖွဲ့ ညွှန်ကြားရေးမှူး တေရစီတို ဘာကိုလ်ကိုလ် က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် လူေ-သဆုံးမှု သို့မဟုတ် ထိခို-က်ဒ-ဏ်ရာရရှိမှု မရှိသော်လည်း ကြီးမားသော မီးတောင်ပြာတိမ်တိုက်များသည် မြို့နယ် ၃ ခုရှိ ကျေးရွာပေါင်း ၈၇ ရွာသို့ ပျံ့နှံ့သွားခဲ့ရာ ဒေသခံများကို ရုတ်တရက် အခက်အခဲဖြစ်စေခဲ့ပြီး မြင်ကွင်း မကြည်လင်မှုကြောင့် ယာဉ်မောင်းများကိုလည်း အရှိန်လျှော့မောင်းနှင်စေခဲ့သည်။
“မီးတောင်ပြာတွေက အရမ်းထူထပ်လွန်းတဲ့အတွက် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတောင် မြင်ကွင်း လုံးဝကွယ်သွားခဲ့ပါတယ်” ဟု မီးတောင်၏ အခြေအနီးတွင် တည်ရှိသည့် ကာမာလစ် မြို့၏ မြို့တော်ဝန် ကာလွိုင်း ဘယ်လ်ဒို က ပြောကြားခဲ့သည်။ “ရွာသားတချို့ ထိတ်လန့်ကုန်ကြပေမယ့် ကျွန်တော်တို့က သူတို့ကို စိတ်အေးအေးထားဖို့ ဖြေသိမ့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
ကာမာလစ် မြို့တွင် မီးတောင်ပြာများ ကျရောက်မှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ပျက်စီးခဲ့ရပြီး ရေကျွဲ ၄ ကောင်နှင့် နွားတစ်ကောင် သေဆုံးခဲ့ကြောင်း ဘယ်လ်ဒို က ပြောကြားခဲ့ပြီး အယ်လ်ဘး ပြည်နယ်အတွင်းရှိ လူဦးရေ ၈,၀၀၀ ခန့်ရှိသော ၎င်း၏မြို့တွင် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“လောလောဆယ်မှာတော့ အခြေအနေ ပြန်လည်ငြိမ်သက်သွားပါပြီ၊ ဒါပေမဲ့ အန္တရာယ်ကတော့ ရှိနေဆဲပါပဲ” ဟု တနင်္လာနေ့တွင် ဘာကိုလ်ကိုလ် က မေယွန်မီးတောင်၏ အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
