ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဖရဲသီးများကို တရုတ်သို့မတင်ပို့နိုင်သည့်အတွက် ပြည်တွင်းဈေးကွက်ကိုသာ အဓိကတင်ပို့ရောင်းချနေရကြောင်း ဖရဲစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။
ယခုထွက်ရှိနေသည့် ဖရဲသီးအားလုံးကို ရန်ကုန် သီရိမင်္ဂလာဈေးနှင့် တညင်းကုန်းဈေးကိုသာ အဓိကတင်ပို့ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ဖရဲသီးကို တရုတ်သို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ ယခင်လမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားတာလော့ဂိတ်မှ ကုန်သွယ်ခွင့် ခက်ခဲသည့်အခြေအနေများကြောင့် တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်ဈေးကွက်ထဲသို့ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး၊ ရမည်းသင်း၊ မိတ္ထီလာ စသည့် ဒေသများက နေ့စဉ် ဖရဲသီးတန်ချိန် ၁၇၀၀ မှ ၂၀၀၀ ထိ ဝင်ရောက်မှုရှိနေကြောင်း၊ ယင်းမှတဆင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်ဘက်သို့ ပြန်လည်တင်ပို့ ရောင်းချနေကြခြင်းဖြစ်ကြောင်း သိရသည်။
ဖရဲသီးကို ပြည်ပတင်ပို့မှုအနေဖြင့်တရုတ်ကိုသာနယ်စပ်လမ်းကြောင်းမှတဆင့်အဓိကတင်ပို့ရခြင်းဖြစ်ပြီး လက်ရှိပြည်တွင်း လက်လီဈေးကွက်၌ ဖရဲသီး တစ်လုံးလျှင် ၃၀၀၀ မှ ၅၀၀၀ ကျပ်ရှိကြောင်း သိရသည်။