(Unicode)
ဖမ်းမိထားသည့် စစ်သားများအား KNUကနွေးထွေးစွာ လက်ခံထားကြောင်းထုတ်ပြန်
ကရင်ပြည်နယ် လေးကေ့ကော်ဒေသအတွင်း ဒီဇင်ဘာလ ၁၆ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ ဖမ်းဆီးရမိထားသည့် ခမရ ၂၇၅ မှ တပ်ဖွဲ့ ဝင် ၆ ဦးနှင့် နယ်ခြားစောင့်တပ် -BGF ၂ ဦးအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက နွေးထွေးစွာ ကြိုဆိုလက်ခံထားသည်ဟု ဓါတ်ပုံမှတ်တမ်းများနှင့်တကွထုတ်ပြန်သည်။
ဘဟိကလော်၊ မဲ့ထော်သလေး နှင့် မေတ္တာလင်းမြိုင်ကျေးရွာများတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျဆုံးသွားသော စစ်သည်များကို အလောင်း ကောက်ရန် လာသည့် တပ်ကြပ်အဆင့်သူအပါအဝင် ၈ ဦးအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)က အရှင်ဖမ်းမိထားရာ အရှင်ဖမ်းမိထားသူတို့အား လက်ခံထားသည့်အကြောင်း ကေအိုင်စီသတင်းဌာနက ယနေ့တွင် ဆိုထားသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က ခမရ – ၅၆၀ သည် လေးကေ့ကော်မြို့ ရှုခင်းသာတောင်ကုန်းပေါ်တွင် တပ်ချထားပြီးနောက် ဒီဇင်ဘာ ၁၄ရက် တွင် လေးကေ့ကော်မြို့ထဲသို့ ဝင်ရောက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ NLD လွှတ်တော်အမတ်တစ်ဦးအပါအဝင် အနည်းဆုံးတစ်ဒါဇင်ခန့်ကို ဖမ်းဆီးသွားခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များကဖော်ပြကြသည်။
ယင်းနောက် ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA (တပ်ရင်း ၂၇ ) ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ လေးကေ့ကော်မြို့ခံ လူထုနှင့် အနီးဝန်းကျင် ဒေသခံများ ထိုင်းနိုင်ငံဘက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို လက်ရှိ မြန်မာပြည်ဘက်ခြမ်းတွင်လည်း စစ်ဘေးရှောင်နေရသူများ ရှိနေကြသည်။
Photo_Kahsawwah
(Zawgyi)
ဖမ္းမိထားသည့္ စစ္သားမ်ားအား KNUကေႏြးေထြးစြာ လက္ခံထားေၾကာင္းထုတ္ျပန္
ကရင္ျပည္နယ္ ေလးေက့ေကာ္ေဒသအတြင္း ဒီဇင္ဘာလ ၁၆ရက္က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမွ ဖမ္းဆီးရမိထားသည့္ ခမရ ၂၇၅ မွ တပ္ဖြဲ႕ ဝင္ ၆ ဦးႏွင့္ နယ္ျခားေစာင့္တပ္ -BGF ၂ ဦးအား ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံးက ေႏြးေထြးစြာ ႀကိဳဆိုလက္ခံထားသည္ဟု ဓါတ္ပုံမွတ္တမ္းမ်ားႏွင့္တကြထုတ္ျပန္သည္။
ဘဟိကေလာ္၊ မဲ့ေထာ္သေလး ႏွင့္ ေမတၱာလင္းၿမိဳင္ေက်း႐ြာမ်ားတြင္ ျဖစ္ပြားသည့္ တိုက္ပြဲအတြင္း က်ဆုံးသြားေသာ စစ္သည္မ်ားကို အေလာင္း ေကာက္ရန္ လာသည့္ တပ္ၾကပ္အဆင့္သူအပါအဝင္ ၈ ဦးအား ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္(KNLA)က အရွင္ဖမ္းမိထားရာ အရွင္ဖမ္းမိထားသူတို႔အား လက္ခံထားသည့္အေၾကာင္း ေကအိုင္စီသတင္းဌာနက ယေန႔တြင္ ဆိုထားသည္။
၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၁၃ ရက္ေန႔က ခမရ – ၅၆၀ သည္ ေလးေက့ေကာ္ၿမိဳ႕ ရႈခင္းသာေတာင္ကုန္းေပၚတြင္ တပ္ခ်ထားၿပီးေနာက္ ဒီဇင္ဘာ ၁၄ရက္ တြင္ ေလးေက့ေကာ္ၿမိဳ႕ထဲသို႔ ဝင္ေရာက္ ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ကာ NLD လႊတ္ေတာ္အမတ္တစ္ဦးအပါအဝင္ အနည္းဆုံးတစ္ဒါဇင္ခန႔္ကို ဖမ္းဆီးသြားခဲ့သည္ဟု ေဒသတြင္းသတင္းရင္းျမစ္မ်ားကေဖာ္ျပၾကသည္။
ယင္းေနာက္ ဒီဇင္ဘာ ၁၅ ရက္ေန႔ကစၿပီး ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA (တပ္ရင္း ၂၇ ) ပူးေပါင္းတပ္ဖြဲ႕ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲစတင္ျဖစ္ပြားခဲ့သည္။
တိုက္ပြဲ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္၍ ေလးေက့ေကာ္ၿမိဳ႕ခံ လူထုႏွင့္ အနီးဝန္းက်င္ ေဒသခံမ်ား ထိုင္းႏိုင္ငံဘက္ ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရသလို လက္ရွိ ျမန္မာျပည္ဘက္ျခမ္းတြင္လည္း စစ္ေဘးေရွာင္ေနရသူမ်ား ရွိေနၾကသည္။
Photo_Kahsawwah