မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်- မန္တလေးသွားကားလမ်း၏အဆင်းလမ်းတွင် ပြောင်းဆံများတင်လာသည့် Nissan ၁၂ ဘီးကားဘရိတ်ပေါက်၍တိမ်းမှော-က်ခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၂ ရက်ညနေ ၅ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးသွားကားလမ်း၏အဆင်းလမ်းအတိုင်း ပြောင်းဆံများတင်ဆောင်၍ နောင်မွန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော Nissan (နက်ပြာ ရောင်) ၁၂ ဘီးကားသည် အခင်းဖြစ်နေရာ မိုင် တိုင်အမှတ် ၂၆ အရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်းသို့တိမ်းမှော-က်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ယာဥ်နောက်လိုက်ဖြစ်သူမှာ ကားအတွင်းည-ပ်၍ အခင်းဖြစ်နေရာတွင်ေ-သဆုံးသွားခဲ့သဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်း၊ ရတနာမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ရုပ်အလော-င်းအားသယ်ထုတ်မှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ယာဥ်နောက်လိုက်၏ရုပ်အလေ-ာင်းအား ည ၆ နာရီ ၁၀ မိနစ်၌ သယ်ထုတ်နိုင်ခဲ့ကြပြီး ရွှေမြင်သာလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။