Tuesday, February 18, 2025

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက...

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ...
HomeNewsLocal Newsပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာ၌ အတင်းအဓ-မ္မဖိအားပေးစုဆောင်းခြင်းမျိုးမဖြစ်ရန်လို

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာ၌ အတင်းအဓ-မ္မဖိအားပေးစုဆောင်းခြင်းမျိုးမဖြစ်ရန်လို

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာ၌ အတင်းအဓ-မ္မဖိအားပေးစုဆောင်းခြင်းမျိုးမဖြစ်ရန်လိုဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နစက ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ဇန်နဝါရီ ၂၈ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅)၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ပြည်သူလူထုကြား၌ သတင်းမှန်၊ သတင်းမှားများ မြောက်မြားစွာဖြစ်ပေါ်လျက်ရှိနေပြီး ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင်အဆင့်ဆင့်၏ အားနည်းချက်များကို မီဒီယာများသာမက ပုဂ္ဂလိကတစ်ဦးချင်းကပါ ထောက်ပြပြောဆိုမှုများရှိနေသည်ဟု ပြောသည်။

“ဒါ့ကြောင့် တာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုတွေရှိတာတွေ့ရင် ထိရောက်စွာအရေးယူသွားဖို့လိုအပ်ပါတယ်။ မတရားပြုလုပ်ကြောင်းမှန်ကန်တဲ့အတွက် ထိရောက်စွာ အရေးယူသွားဖို့၊ အရေးယူပြီး၊ အရေးယူဆဲအမှုတွေလည်းရှိနေပါတယ်”ဟု ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းရန်ကိစ္စနှင့် ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါကလည်း တိကျစွာဖော်ထုတ်အရေးယူရန်လိုအပ်မည်ဟု ပြောသည်။

ထို့အတူ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ သတ်မှတ်အကျုံးဝင်သည့် အရေအတွက်ကို စနစ်တကျမှန်ကန်အောင်ကြိုတင်ပြုစုထားပြီး သက်ဆိုင်သူများသိရှိရေး ဆောင်ရွက်ထားရန်မှသာ အမှန်တကယ်စုဆောင်းသည့်အခါတွင် မသမာမှုများမပြုလုပ်နိုင်ဘဲ အများကလက်ခံယုံကြည်နိုင်သည့် အနေအထားတစ်ရပ်ကိုရရှိမည်ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင်လည်း အတင်းအဓ-မ္မဖိအားပေးစုဆောင်းခြင်းမျိုးမဖြစ်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ စနစ်တကျကြိုးစားစုဆောင်းခြင်းကို အလေးထားဆောင်ရွက်ပေးကြရန်လည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တိုက်တွန်းမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ တရုတ်ညီလာခံ: အရှေ့တောင်အာရှ ၂၀၂၅  အစည်းအဝေးသို့ အပိတ်မိန့်ခွန်း ပြောကြားရာတွင် ဝန်ကြီး တင်ကူးဇာဖရူး အဗ္ဒူလ် အဇစ် က အာဆီယံ၏ဘက်မလိုက်ဘဲကြားနေမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့၏စည်းကမ်း နည်းလမ်းများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ ဇာဖရူးက အာဆီယံ သည် စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ၎င်း၏...

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ တရားဝင် ဖိတ်ကြားချက်အရခဲ့ ခရီးစဉ်အတွက် စိစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ ယခုခရီးစဉ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မစ္စတာ Sonexay ၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။ ခေါင်းဆောင်များအနေဖြင့် မူ-းယစ်ဆေးဝါး၊...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071