Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေကြေးများ...

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေကြေးများ တောင်းခံခဲ့ကြသည့် ရွှေဘိုမြို့နယ်ရဲမှူး အပါအဝင် ဝန်ထမ်းများကို အရေးယူ

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေကြေးများ တောင်းယူခွဲဝေယူခဲ့ကြသည့် ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အပါအဝင် ဝန်ထမ်းများကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်သည် ဇန်နဝါရီ ၂၆ ရက်နေ့၌ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်မှုနှင့်ပတ်သက်၍ ငွေကြေးအလွဲသုံးစား မှု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရခြင်းကြောင့် စုံစမ်းဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စိစစ်ဖော်ထုတ်မှုအရ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့် တွင် ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော် တို့ ဦးဆောင် သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း ဧည့် စာရင်းလိုက်လံစစ်ဆေးခဲ့သည်ဟု ဆိုသည်။

စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက်(၂၄) နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟု ဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး မောင်ကျော်မင်းခန့် ၏ မိဘများထံသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်း စာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူ တစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရပြီး ယင်း ငွေကျပ်သိန်း ၁၃၀ ကို ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော် က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံး မှ အငယ်တန်းစာရေး သူရိန်ညွန့် က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မယ့် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်မှာ နေထိုင်တဲ့ သန်းစိုးထိုက် က ၅၀ သိန်း အသီးသီး ခွဲဝေယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဉ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူ ဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသညိ။

ထိုနည်းတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ် ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအားဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်း ထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်း သာ ဆင့်ခေါ်သွားရန်နှင့် ငွေကြေးများ တောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများ မရှိစေရေး တာဝန်ရှိသူများမှ အသိပညာ ပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ပေးနိုင်ပါရန် အသိပေး သတင်းထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071