ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် အကျိုးဆောင်များအနေဖြင့် လိုင်စင်များ သက်တမ်းတိုးရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ပိတ်ခံထားရသည့် အေဂျင်စီများသည်လည်း ပုံမှန်အတိုင်း သက်တမ်းတိုးခွင့်ကို သက်တမ်းမကုန်ဆုံးမီ ၂ လကြိုတင်၍ အချိန်မီတင်ပြရန်လိုအပ်ပြီး ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုးတင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း သိရသည်။
အကျိုးဆောင်လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်း မကုန်ဆုံးမီ နှစ်လကြိုတင်၍ သက်တမ်းတိုးပေးရန်၊ ရက်ပေါင်း ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုးတင်ပြလာခြင်းမရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ကိုပယ်ဖျက်ခြင်းခံရမည်ဟုလည်းကောင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ထားသော အထောက်အထားများ စုံလင်စွာဖြင့် လိုင်စင်သက်တမ်းတိုးမြှင့်ခွင့်ကို ကြိုတင်တင်ပြရန်နှင့် လိုင်စင်သက်တမ်းကုန်ဆုံးပြီးပါက ရက်ပေါင်း ၉၀ အတွင်း လိုင်စင်သက်တမ်းတိုးခွင့်မဖြစ်မနေ တင်ပြဆောင်ရွက်ရန်ဟုလည်းကောင်း အသိပေးထုတ်ပြန်ပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီများအနေဖြင့် လိုင်စင်သက်တမ်းတိုးမြှင့်ခွင့်ကို ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပေးကြေညာထားသည်။
