Wednesday, June 10, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်...

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...
HomeNewsLocal Newsပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေ...

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ ၁၅၀ ကျော်ရှိ

၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၁၅ ရက်အထိ ပြည်ပသို့ ပင်လယ်ရေကြောင်း၊ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးတို့မှတစ်ဆင့် ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ (၁၅၇) ခုကျန်ရှိနေသေးကြောင်း ကြားသိနေရသည်။

အဆိုပါ ကုမ္ပဏီများကို ဩဂုတ်လ ၁၁ ရက်နောက်ဆုံးထား၍ ပို့ကုန်ရငွေများကို စာရင်းရှင်းလင်းပေးရမည်ဖြစ်ပြီး စာရင်းရှင်းလင်းခြင်းမရှိပါက ၁၄ ရက်နေ့တွင် ပို့ကုန်သွင်းကုန်လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ယင်းကြောင့် အဆိုပါ ကုမ္ပဏီ (၁၅၇) ခု စာရင်းတွင် မိမိတို့ ကုမ္ပဏီများ ပါ/မပါ စစ်ဆေးကြရန်လည်းလိုအပ်မည်ဖြစ်သည်။

“ပြည်ပကိုတင်ပို့ပြီး ရလာတဲ့နိုင်ငံခြားဝင်ငွေကို မြန်မာ့စီးပွားရေးဘဏ်အပါအဝင် လိုင်စင်ရဘဏ် ၆ ခုမှာ သူတို့သတ်မှတ်ထားတဲ့အတိုင်း လုပ်ဆောင်ရတယ်။ တစ်နေ့ဟာ တစ်နေ့ရှင်းတယ်။နောက်ရက်ကူးသွားရင်အဆင်မပြေဘူး”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုဥက္ကဌ ဦးမင်းသိမ်းကပြောသည်။

ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေ အားလုံးကို ပို့ကုန် တင်ပို့သည့်နေ့မှ (၃)လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့်သွင်းရန် ပြဋ္ဌာန်း သတ်မှတ်ထားကြောင်း၊ သို့ဖြစ်ပါ၍ ပို့ကုန်တင်ပို့သူများ အနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းတို့တွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း ပို့ကုန်ရငွေများအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ (၃)လအတွင်း နိုင်ငံတော် အတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က အရ အရေးယူ ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်မှ ၂၀၂၂ ခုနှစ်တွင်အသိပေးကြေညာထားပြီးဖြစ်သည်။

ထို့ပြင် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ အစား ၅၀ ရာခိုင်နှုန်းကိုဗဟိုဘဏ်မှ ဇူလိုင် ၁၃ ရက်တွင် ပြောင်းလဲသတ်မှတ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်က အ လွတ်သဘောတွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကာ အ လွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ ဆုံဆွေးနွေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ် (တိုင်ပေ)နိုင်ငံသား(၁၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၅)ဦးနှင့် ပါကစ္စတန်နိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အ မှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071