ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission Mr. Dragan Aleksoski တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်မှ IOM ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission Mr. Dragan Aleksoski အား သြဂုတ် (၂၃) ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် IOM တို့ကြား MoU ရေးထိုးရေးဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနနှင့် IOM တို့ကြား နားလည်မှုစာချွန်လွှာ(MoU)ရေးထိုး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။