Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal Newsပြည်ပထွက်ခွာသူများ နိုင်ငံခြားငွေသားဝယ်ယူနိုင်ရန် ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာတွင်ရောင်းချပေးမည်

ပြည်ပထွက်ခွာသူများ နိုင်ငံခြားငွေသားဝယ်ယူနိုင်ရန် ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာတွင်ရောင်းချပေးမည်

ရန်ကုန်လေဆိပ်မှတဆင့် ပြည်ပသို့အမှန်တကယ်ထွက်ခွာမည့်သူများ အသေးသုံးနိုင်ငံခြားငွေ ငွေသားဝယ်ယူရာတွင် အဆင်ပြေလွယ်ကူစေရန် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ် ၁၂ ခုမှ ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာ ၃ခုတွင် နေ့စဥ်အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကကြေညာခဲ့သည်။

ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL၊ CB Bank PCL ၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်၊ ယူအေဘီ ဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်နှင့်အင်းဝဘဏ်လီမိတက်တို့မှ ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ ဘဏ်များ၌ နိုင်ငံခြားသုံးငွေ ငွေသားများအား လေဆိပ်ကောင်တာများအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသားရောင်းချပေးသည့်အစီအစဉ်အရလည်းဝယ်ယူနိုင်ကာ ယင်း ဘဏ်များ၏ Website နှင့်လူမှုကွန်ယက်စာမျက်နှာများတွင်လည်း ကြေညာထားသည်။

ဗဟိုဘဏ်မှ AD လိုင်စင်ရဘဏ်များအား ငွေကြေးအမျိုးအစား ၇ မျိုးဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်းတို့အား ရောင်းဝယ်ရန်ခွင့်ပြုထားသည်။

မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ(Debit Card နှင့် Credit Card)အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရန်၊ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့်တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကိုထိန်းသိမ်းရန် ရန်ကုန်လေဆိပ်(သို့) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ဆေးကုသရန်သွားရောက်မည့်သူနှင့်ပညာသင်သွားရောက်မည့်သူများအား တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ ငွေသား)ရောင်းချခြင်းကို မေ ၃၁ ရက်မှစတင်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ပြည်ပနိုင်ငံအစိုးရနှင့်အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများကိုလည်း ရောင်းချပေးသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071