Wednesday, May 6, 2026

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်...

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး...

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ...

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim...
HomeNewsLocal Newsပြည်ထဲရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူရမည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွတ်ကဲရေးဗဟိုကော်မတီဖွဲ့စည်းမည်

ပြည်ထဲရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူရမည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွတ်ကဲရေးဗဟိုကော်မတီဖွဲ့စည်းမည်

နစက မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးတို့ကို အ ထောက်အကူပြုစေရန်အပါအဝင် ရည်ရွယ်ချက် (၅)ရပ်ဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင် ရာဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးဆိုင်ရာဥ ပဒေအမှတ် ၄/၂၀၂၅ ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်ကပြဌာန်းခဲ့သည်။

ထိုသို့ ပြဌာန်းခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူရမည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွတ်ကဲရေးဗဟိုကော်မတီဖွဲ့စည်းသွားမည်ဖြစ် သည်။

အဆိုပါ ဗဟိုကော်မတီ၌ ပြည်ထဲရေးဝန်ကြီးဌာ န၏ ရဲချုပ်မှ ဒု-ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဒု-ရဲချုပ်မှ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဦးစီးအရာရှိရှိချုပ်မှ တွဲဖက်အတွင်းရေးမှူးတို့အဖြစ် တာဝန်ယူရမည်ဖြစ်သည်။

ထို့ပြင် ဗဟိုကော်မတီ၌ အဖွဲ့ဝင်(၁၂)ဦးပါဝင်မည်ဖြစ်ကာ ဗဟိုကော်မတီအောက်တွင် တိုင်းနှင့်ပြည်နယ်အလိုက် ကြီးကြပ်ကွတ်ကဲရေးကော်မ တီများကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြဌာန်းခဲ့သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လိုသည့် ပြည်တွင်း/ပြည်ပကုမ္ပဏီများအနေဖြင့် နိုင်ငံတော်၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေမည့် ကျော်ဇောသတင်းရှိသော ကုမ္ပဏီမဖြစ်စေရအပါအဝင် စည်းကမ်းချက်(၄)ချက်ဖြင့်ကိုက်ညီပါက သက် ဆိုင်ရာ ကြီးကြပ်ကွတ်ကဲရေးကော်မတီသို့လို အပ်သည့် စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာဖြည့်စွက်၍ လိုင်စင်လျှောက်ထားနိုင် သည်။

ယင်း လိုင်စင်သက်တမ်းသည် စတင်ထုတ်‌ပေးသည့်ရက်မှစ၍ (၃)နှစ်သက်တမ်းရှိကာ သက် တမ်းတိုးရန်ပျက်ကွက်ပါက လိုင်စင်ပယ်ဖျက်သွားမည်ဖြစ်ပြီး လိုင်စင်ရ ပုဂ္ဂလိကနိုင်ငံခြားကု မ္ပဏီများသည် ဝန်ထမ်းခန့်ထားရာ၌ မြန်မာနိုင်ငံသား အနည်းဆုံး(၇၅)ရာခိုင်နှုန်းခန့်ထားရမည်ဖြစ်ပြီး လိုင်စင်ရရှိထားသော ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုံခြုံရေးကုမ္မဏီများသည် ဗဟိုကော်မ တီ၏ခွင့်ပြုချက်မရှိဘဲ လုံခြုံရေးအထောက်အ ကူပြုပစ္စည်းများကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားခြင်းမပြုရဟုလည်း ပြဌာန်းထား သည်။

ထို့အတူ လိုင်စင်ရ ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့် ပြဌာန်းထားသည့် တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ် အ နည်းဆုံးကျပ်သိန်း(၁၀၀၀)မှ အများဆုံးကျပ်သိန်း(၃၀၀၀)အထိ၊ ထောင်ဒဏ် အနည်းဆုံး(၁) နှစ်မှ အများဆုံး ထောင်ဒဏ်(၃)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များအပါအဝင် ပြစ်ဒဏ်အလိုက် ငွေ ဒဏ်များ၊ ထောင်ဒဏ်များချမှတ်ရန်လည်း ပြ ဌာန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ် မြန်မာအသင်း ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို မေ လ (၅) ရက်မှ (၂၂) ရက်အထိ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ ယူ-၁၇ အမျိုးသားအသင်းသည် ယခုပြိုင်ပွဲ၏ အုပ်စု (A) တွင် အိမ်ရှင်ဆော်ဒီအာရေးဗီးယား၊ ထိုင်းနှင့် တာဂျကစ္စတန်အသင်းတို့နှင့်အတူ ကျရောက်နေသည်။ မြန်မာပရိသတ်များအနေဖြင့် အုပ်စုအဆင့်ပွဲစဉ်ရလဒ်များကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး ပြိုင်ပွဲအတွက်...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးမှု နှင့် ပတ်သက်သည့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ မကြာမီ မိုးကျလာတော့မည် ဖြစ်ပြီး ကောင်းမွန်လျှက်ရှိနေသည့် ရေအားလျှပ်စစ် စက်ရုံများ စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အား ထုတ်ယူရမည်ဖြစ်ပြီး တမံကြီးများကို ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း ရေအားလျှပ်စစ်စက်ရုံများကို ပြန်လည်စစ်ဆေးပြီး လိုအပ်သည်များ အမြန်ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ နိုင်ငံ၏...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဟုသိရ

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ ၄ ရက်က ပြုလုပ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အထွေထွေ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ နှင့်အညီ မောင်းနှင်ရန်လိုအပ်ပြီး သုံးဘီးယာဉ်များအား စုရပ်များ၊ ဂိတ်များသတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တူညီဝတ်စုံများ သတ်မှတ်ဆောင်ရွက်ပေးနိုင်ပါက ပိုမိုသင့်တော် မည်ဖြစ်ကြောင်း၊ မီးပွိုင့်များကောင်းမွန်ရေးအတွက် စစ်ဆေးဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်ရန်လိုကြောင်းလည်း ၄င်းကမှာကြားခဲ့သည်။     ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071