နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယနေ့ ဇန်နဝါရီ (၃၁) ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီး (၃)ဦးကို တာဝန်မှအနားပေးကာ ၎င်းတို့၏ နေရာတွင် အစားထိုးခန့်အပ်ကြောင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ အနားယူခွင့်ပြုသူများမှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ ဖြစ်သည်။
ယင်းပြည်ထောင်စုဝန်ကြီးများကို နစက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြုလုပ်ခြင်းဖြစ်သည်။
ယင်းပြည်ထောင်စုဝန်ကြီးနေရာများတွင် အလူပ်သမားဝန်ကြီးအဖြစ် ဦးချစ်ဆွေ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကျော်စိုးဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအရ အဖြစ် Jeng Phang နော်တောင်တို့ကို ခန့်အပ်တာဝန်ပေးထားသည်။
ထိုနည်းတူ ဦးမောင်မောင်တင့်ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃)အဖြစ် ခန့်အပ်သလို ဦးခွန်သန့်ဇော်ထူးကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။