ယနေ့ ဧပြီလ ၂ ရက်တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နံနက် ၁၀ နာရီတွင် စတင်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီမှ တင်ပြသည့် ကော်မတီအသီးသီး၌ ပြည်ထောင်စုလွှတ်တော်နယကမှ ဥပဒေကြမ်းပူးပေါင်းကော်မတီ၌ အဖွဲ့ဝင် ၇ ဦး၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၌ အဖွဲ့ဝင် ၁၅ ဦး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၌ ၁၅ ဦး တို့ဖြင့် သင့်တော်သည့် ကိုယ်စားလှယ်များအား ပါဝင်ဖွဲ့စည်းစေခဲ့သည်။
အဆိုပါ ကော်မတီအသီးသီး၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ အရပ်သားကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ်တို့ပါဝင်ကာ ကော်မတီအသီးသီးတွင် ပါဝင်ရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏အမည်စာရင်းများကို လွှတ်တော် နာယကမှ တင်ပြကာ တာဝန်ပေးအပ်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
ကော်မတီများ၏ သက်တမ်းသည် လွှတ်တော်၏သက်တမ်းအတိုင်းဖြစ်ကာ၊ ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ရဲ့သဘောတူညီချက် ရယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
