အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကို စက်တင်ဘာလ(၂၁)ရက် ရက်စွဲဖြင့် ပြဌာန်းလိုက်ကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ပြဌာန်းသည့် နစက လက်ထက်က ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေ၏ ပုဒ်မ(၁၂) ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၁)ကို အစားထိုးပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစားထိုးပြင်ဆင်ချက်မှာ ” ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည်ပါတီဖြစ်ပါကအထွေထွေရွေးကောက်ပွဲ၌ ပြည်သူလွှတ်တော်၊အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် မိမိပါတီကဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း” ကို အစားထိုးပြင်ဆင်ကြောင်း ယနေ့ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပြင်ဆင်လိုက်သည့်အတွက် မူလက မဲဆန္ဒနယ်အားလုံး၏ သုံးပုံတစ်ပုံတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေရသည့် ပြည်ထောင်စုအဆင့် ပါတီများအနေဖြင့် ယခုတွင် မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားပြီဖြစ်သည်။
