Monday, April 13, 2026

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ...

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့်...

ဧပြီလ၏ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာအလုပ်သမား(၂၅)ဦး ကိုရီးယားနိုင်ငံသို့စေလွှတ်

ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း...
HomeNewsLocal Newsပြည်တွင်း၌ စက်သုံးဆီ အမျိုးမျိုးကို...

ပြည်တွင်း၌ စက်သုံးဆီ အမျိုးမျိုးကို ပိုမိုထုတ်လုပ်နိုင်ရေးဆောင်ရွက်ကြရန် ပြည်ထောင်စု ဝန်ကြီး မှာကြား

ပြည်တွင်း၌ စက်သုံးဆီ အမျိုးမျိုးကို ပိုမိုထုတ်လုပ်နိုင်ရေးဆောင်ရွက်ကြရန် ပြည်ထောင်စု ဝန်ကြီး မှာကြား

စက်သုံးဆီ အမျိုးမျိုးကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် အလေးထား လုပ်ဆောင်ကြရန် အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်)မှ တာဝန်ရှိသူများကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက မှာကြားသည်။

ဇူလိုင်လ (၃) နံနက်ပိုင်းက အဆိုပါ စက်ရုံသို့ သွားရောက်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက မှာကြား ခဲ့ခြင်း ဖြစ် သည်။

“စက်သုံးဆီ အမျိုးမျိုးကို ပြည်တွင်း၌ ပိုမိုတိုးတက်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ထပ်မံဖိတ်ခေါ်သွားဖို့ လိုပါတယ်” ဟု ဝန်ကြီးဦးသောင်းဟန်က ပြောသည်။

ထို့အပြင် သန်လျင် ရေနံချက်စက်ရုံ ဆိပ်ကမ်းတွင် ရေနံ စိမ်းသင်္ဘောများ ဆိုက်ကပ်နိုင်မည့် အခြေအနေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းလေ့လာ၍ တင်ပြသွားရန် ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြန်လည်လည်ပတ် ထုတ်လုပ်လျက်ရှိသည့် စက်ဆီရော စပ်စည်သွတ်စက်ရုံ သိုလှောင်ကန်များ ပြုပြင်မွမ်းမံပြီးစီးမှု၊ Filling Machine ဖြင့် စက်ဆီ/ ချောဆီ ဖြည့်တင်းဆောင်ရွက်နေမှုနှင့် ကုန် ကြမ်း သိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ
ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ လိုအပ်သော Mono -grade အဆင့် စက်ဆီ/ချောဆီများ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် Mono-grade အဆင့်မှ Multi-grade အဆင့်ရှိသော စက်ဆီ/ ချောဆီများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး စီးပွားရေး တွက်ချေကိုက်မှု ရှိစေရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေ ဖြင့် ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ ဝန်ဆောင်ခပေး ချေသော စနစ်ဖြင့် စက်ဆီ/ ချောဆီရောစပ် ထုတ်လုပ်ဖြန့်ဖြူးခြင်းကိုလည်း ဖိတ်ခေါ်ဆောင်ရွက် သွားမည်ဟု ဆိုသည်။

ပြည်ထောင်စု ဝန်ကြီးသည် သန်လျင်ရေနံချက်စက်ရုံအတွင်း စက်ရုံလည်ပတ်မှု၊ ဝန်ထမ်းနှင့် လုံခြုံရေးအင် အားရရှိမှု၊ စက်သုံးဆီသိုလှောင်ကန်၊ စက်သုံးဆီ တင်ချဆိပ်ခံတံတား၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်များနှင့် စက်ဆီရောစပ် စည်သွတ်စက်ရုံတို့ကို ပြုပြင်မွမ်းမံထိန်း သိမ်းမှု၊ စက်ရုံဓာတ်ခွဲခန်းတွင် စက်သုံးဆီနှင့် စက်ဆီ/ ချောဆီများ စမ်းသပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရန်ကုန်မြို့တော်ဝန် ၊အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်အနုပညာရှင်များ ၊ ယိမ်းအကအလှပျိုဖြူများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့်...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (လမ်းလျှောက်သင်္ကြန်အတွက် ရေတင်ခြင်းများကို ဆိုလာစနစ်ဖြင့်ပြုလုပ်သွားမည်ဖြစ်သည်။)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071