စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယမန်နေ့ အောက်တို ဘာလ (၂၃)ရက်က ပြုလုပ်ခဲ့သည့် ခွေးရူးရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ထုတ်လုပ်နိုင်ပါက ခွေးရူးရောဂါကာကွယ်ဆေးကို ပြည်ပမှတင်သွင်းရမှု လျော့နည်းစေမည်ဖြစ်ပြီး ဆေးလိုအပ်အချိန်တွင် အချိန်မီပံ့ပိုးနိုင်မည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။
သို့သော် ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်နှင့် ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ထည့်သွင်းစီမံရန် အရေးကြီးလိုအပ်မည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ယခု လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ခွေးရူးရောဂါကာကွယ်ဆေးသည် လူ့အသက်ပေါင်းများစွာ ကယ်တင်ပေးနိုင်သည့် အရေးပါဆုံးလုပ်ငန်းဖြစ်သည်နှင့်အညီ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်ရာ၌ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများ၊ အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်လည်း ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
ဓာတ်ပုံ – MOI
