Friday, June 12, 2026

Ayeyawady FC Women အသင်း၏...

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အ များပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation...

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှု တိုးချဲ့လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအရ အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှုကို တောင်သူများ ပိုမိုတိုးချဲ့...

ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ ဇွန် ၆ ရက်ကပြုလုပ်သည့် အပတ်စဥ် စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီ ဝင်များကပူးပေါင်းပါဝင်ပြုလုပ်ပေးခဲ့ကြသည်။ ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(အစိုးရ၏အာမခံချက်များကတိများနှင့်တာဝန်ခံချက်များစီစစ်ရေးကော်မတီ၏ ကော်မတီဝင်)ဦးဥာဏ်ဝင်းထိုက်မှ...

အီရာဝမ်နတ်ကွန်း ဗုံးခွဲခဲ့သူများကို သေဒ-ဏ်ချ

၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အီရာဝမ်နတ်ကွန်း၌ လူပေါင်း ၂၀ ကို သေဆုံးစေခဲ့သည့် တရုတ်ဝီဂါအမျိုးသားနှစ်ဦးကို ကြာသပတေးနေ့တွင် သေဒဏ် ချမှတ်လိုက်ပြီး...
HomeNewsLocal Newsပြည်တွင်းသုံးသဘာဝဓာတ်ငွေ့၏ (၈၅)ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားကဏ္ဍတွင်အသုံးပြုနေ

ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့၏ (၈၅)ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားကဏ္ဍတွင်အသုံးပြုနေ

ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့၏ (၈၅)ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားကဏ္ဍ၊ (၈)ရာခိုင်နှုန်းကို စက်မှု/ကုန်ထုတ်လုပ်မှုကဏ္ဍ၊ (၇)ရာခိုင်နှုန်းကို သယ်ယူပို့ဆောင်ရေးကဏ္ဍတို့၌ အသုံးပြုလျက်ရှိသည်။

မော်တော်ယာဉ်များတွင် CNG သုံးစွဲခြင်းသည် ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးစွဲခြင်းများထက် ကုန်ကျစရိတ်များစွာသက်သာပြီး ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG သုံးစွဲမှုကို မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကာ နိုင်ငံတော်မှ ခရီးသွားများ ဈေးနှုန်းသက်သာစေရန် CNG ကို YBS ယာဉ်များနှင့် အငှားယာဉ်(Taxi)များကိုဦးစားပေး၍ အထူးသက်သာသောဈေးနှုန်းဖြင့် စိုက်ထုတ်ရောင်းချပေးလျက်ရှိသည်။

အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် ဖိအားမြှင့်သဘာဝ ဓာတ်ငွေ့(Compressed Natural Gas–CNG) ဖြန့်ဖြူးပေးခြင်းကို စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ စွမ်းအင်ဝန်ကြီးဌာနမှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့ကို ပြည်ပသို့တင်ပို့ဖြန့်ဖြူးရောင်းချခြင်းအပြင် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဖြန့်ဖြူးပေးလျက်ရှိသည်။

ထို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့သုံးစွဲမှုအား အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်တက်ရောက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ayeyawady FC Women အသင်း၏ Official Co-Sponsor အဖြစ် ရန်ကုန် တိုင်း GYCT သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ တရားဝင် လက်တွဲ

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အ များပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation (GYCT) တို့သည် အသင်း၏ ရှေ့ဆက်မည့် ပြိုင်ပွဲခရီးစဉ်များအတွက် Official Co-Sponsor အဖြစ် ယနေ့တွင် တရားဝင် လက်တွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ GYCT လုပ်ငန်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားလိုင်း (၁၃) လိုင်း၊ အပြည့်အဝပြေးဆွဲနေသော ဘတ်စ်ကားအစီးရေ (၄၉၁) စီးဖြင့် ဘတ်စ်ကားမှတ်တိုင်ပေါင်း (၆၈၅) တိုင်ကို...

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှု တိုးချဲ့လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအရ အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှုကို တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။ အစေ့ထုတ်ပြောင်း(CP) သည် တိရစ္ဆာန်အစာစပ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် သီးနှံဖြစ်သဖြင့် စျေးကွက်လိုအပ်ချက် အမြဲရှိနေခြင်း၊ အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက ပြုစုရလွယ်ကူပြီး အထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများအကြား စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ လက်ရှိတွင် တောင်သူများသည် အထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပြောင်းမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြပြီး၊ စိုက်ပျိုးရေးဌာနမှလည်း လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားကာကွယ်ရေးဆိုင်ရာ...

ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီဝင်များကပူးပေါင်းပါဝင်ခဲ့

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ ဇွန် ၆ ရက်ကပြုလုပ်သည့် အပတ်စဥ် စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီ ဝင်များကပူးပေါင်းပါဝင်ပြုလုပ်ပေးခဲ့ကြသည်။ ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(အစိုးရ၏အာမခံချက်များကတိများနှင့်တာဝန်ခံချက်များစီစစ်ရေးကော်မတီ၏ ကော်မတီဝင်)ဦးဥာဏ်ဝင်းထိုက်မှ လွှတ်တော်မသွားမှီကြိုတင်ပေါင်းစပ်ညှိ နှိုင်းချက်အရ ဗိုလ်တထောင်မြို့နယ် USDP ပါတီအ တွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များကပူးပေါင်းပါဝင်ကူညီပေးခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဆေးရုံမျက်နှာစာသန့်ရှင်းရေးအတွက် လက်ရှိစွန့်ပစ်အမှိုက်ပုံးများကို ဆေးရုံဝင်းအတွင်းသင့်လျော်သည့်နေရာ၌ ပြန်လည်နေရာချထားပေးရန် မြို့နယ်စည် ပင်နှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071