Thursday, June 4, 2026

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၄ ရက်တွင် အမိန့်အမှတ် ၅၆/၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဒေါ်နှင်းကေသီဝင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊...

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင်...

အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်...

မကွေး-တောင်တွင်းကြီး ၁၃၂ ကေဗွီဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း...

မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မေ ၂၂...

ရန်ကုန်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို Viber မှတစ်ဆင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို ပြည်သူများအနေဖြင့် Viber မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။ တိုင်ကြားလိုသူများအနေဖြင့်...
HomeNewsLocal Newsပြည်တွင်းသို့ Package Tour...

ပြည်တွင်းသို့ Package Tour အစီအစဉ်ဖြင့် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်

နှစ်နိုင်ငံ ခရီးသွားကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ခရီးသွားများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နီလာခန်းမတွင် ပြည်ထောင်စုဝန်ကြီးက ကြိုဆိုလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်ခရီးသွားများသည် Package Tour အစီအစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းတွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက “တရုတ်နိုင်ငံက အစိုးရအနေနဲ့ တရုတ်ခရီးသွားတွေကို အဖွဲ့လိုက် ခရီးသွားခွင့်ပြုတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံပါရှိတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

တရုတ်ခရီးသွားအဖွဲ့ ခေါင်းဆောင် Mr. Dao Chengfu မှ တရုတ်နိုင်ငံ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းတု သတင်းအမှားများကို ချေဖျက်လို၍ ယခုခရီးစဉ်ကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ခရီးစဉ်ပြီးဆုံးပါက မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ကောင်းမွန်သောအတွေ့အကြုံများနှင့် အေးချမ်းသာယာမှုရှိကြောင်း သတင်းစကားများကိုဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ထို့အပြင် ခရီးသွားများ ပိုမိုလာရောက်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ် ကြည်ရေးခိုင်မြဲသည့်အတွက် တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာရန် ဆောင်ရွက်သွားမည်ဟုလည်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ တရုတ် ခရီးသွားအဖွဲ့သည် စက်တင်ဘာ (၃၀) ရက်တွင် တရုတ်နိုင်ငံ မန်စီမြို့မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာပြီး မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများကို လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၄ ရက်တွင် အမိန့်အမှတ် ၅၆/၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဒေါ်နှင်းကေသီဝင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်း(သို့)ပြည်နယ်အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ(ဃ)တို့အရခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင် နေရာကွက်၍ မိုးကြီးနိုင်

အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်သည်။ မိုးလေဝသခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့်...

မကွေး-တောင်တွင်းကြီး ၁၃၂ ကေဗွီဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ၁၀ ရက်အတွင်း ၁၂ ရာခိုင်နှုန်းကျော် ပြီးစီး

မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မေ ၂၂ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ မေ ၃၁ ရက်အထိ ၁၀ ရက်အတွင်း လုပ်ငန်းတိုးတက်မှု ၁၂ ဒသမ ၇၉ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုးသည် လက်ရှိအသုံးပြုနေသည့် ကြိုးများထက် ဝန်အား နှစ်ဆကျော် သယ်ဆောင်နိုင်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံများမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071