Friday, June 12, 2026

လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး...

လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း...

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ...

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက်မှာ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြား...

လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့သည့် မန္တလေးက...

မန္တလေးမြို့၏ နေ့ခင်းအချိန်၌ပင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို လုယက်မှုကျူးလွန်သူ တရားခံများကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းအရ သိရသည်။ ထိုလုယက်ခံရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့ပြီး...
HomeNewsLocal Newsပြည်တွင်းဆီစက်များမှ ထွက်ရှိသည့် ကြိတ်ဖတ်များကိုဈေးနှုန်းဆွဲတင်ခြင်းနှင့်...

ပြည်တွင်းဆီစက်များမှ ထွက်ရှိသည့် ကြိတ်ဖတ်များကိုဈေးနှုန်းဆွဲတင်ခြင်းနှင့် သိုလှောင်ထားမှုများ မပြုလုပ်ရန် သတိပေး

တိရစ္ဆာန်အစာအဖြစ် အသုံးပြုနေသည့် ကြိတ်ဖတ်များ ဈေးနှုန်းမြင့်တက်မှုကြောင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်ကြိတ်ဖတ်များကို ပြည်ပမှတင်သွင်းရန်တောင်းဆိုလာနိုင်သဖြင့် ပြည်တွင်းဆီစက်များအနေဖြင့်ကြိတ်ဖတ်များကို ဈေးနှုန်းဆွဲတင်ခြင်းနှင့် သိုလှောင်မှုများမပြုလုပ်ရန် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သတိပေးထုတ်ပြန်ထားသည်။

ပြည်တွင်းဆီစက်များမှ ထွက်ရှိသည့် ကြိတ်ဖတ်(ပဲ၊ နှမ်း၊ နေကြာ၊ မုံညင်း၊ ပန်းနှမ်း၊ ပဲပုတ်)များကို တိရစ္ဆာန်အစာအဖြစ်အသုံးပြုနေပြီး ပြည်တွင်းမွေးမြူရေးလုပ်ငန်းများက အဓိကဝယ်ယူနေခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ပမှ ပဲပုတ်ဖတ်များကို တင်သွင်းခွင့်ပြုထားပြီး ကြိတ်ဖတ်များ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းနှင့် ဝယ်ယူရန် ခက်ခဲလာပါက မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှကြိတ်ဖတ်များကိုတင်သွင်းရန် တောင်းဆိုမှုများရှိလာနိုင်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းက ဆိုသည်။

ပြည်တွင်းဆီစက်များမှထွက်ရှိသည့် ကြိတ်ဖတ်များ ဈေးနှုန်းမှာ ယခင်က တစ်ပိဿာ ကျပ် (၄၀၀၀) သာ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် (၆၀၀၀)အထိ မြင့်တက်လျက်ရှိပြီး ဝယ်ယူရန်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။

ဆီကြိတ်ဖတ်များ ဈေးနှုန်းကြီးမြင့်လာခြင်းဖြင့် စားသုံးသူပြည်သူများစားသုံးနေရသည့် အသား၊ ငါး၊ ဥ၊ နို့ဈေးများလည်း ကြီးမြင့်လာနိုင်ကာ ပြည်တွင်းရှိတိရိစ္ဆာန်အစာလိုအပ်ချက်ရှိလာမှုကြောင့် ပြည်ပမှ ပဲပုတ် ဖတ်များတင်သွင်းရသည့် အခြေအနေသို့ရောက်ရှိလာနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းဆီစက်များအနေဖြင့် ကြိတ်ခွဲထွက်ရှိလာသော ကြိတ်ဖတ်များကို ကုန်ချိန်များစွာသိုလှောင်ထားခြင်း၊ ဈေးနှုန်းကြီးမြင့်အောင်လုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်ပွား

လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း သိရသည်။ ဖြစ်စဉ်၌ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးသည် လမ်းခွဲမည်ဟု ပြောသည့် အတူနေ ချစ်သူကောင်မလေးကို သတ်ခဲ့ပြီး ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်၌ တည်ရှိသည့် ဆီဒိုးနားဟိုတယ် ၂၉ လွှာမှ ခုန်ချသတ်သေခဲ့ကြောင်း၊ အဆုံးစီရင်ရခြင်း ဖြစ်ကြောင်း သေတမ်းစာတစောင်ရေးသားခဲ့သည်ဟု သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့် သေတမ်းစာပါ...

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ လူစည်ကားရာနေရာများ၌ မြို့အင်္ဂါ ရပ်နှင့်မလျော်ညီစွာ တောင်းရမ်းစားသောက်နေကြသဖြင့် ယနေ့ ဇွန် ၁၁ ရက်တွင် မြဝတီမြို့၊ ဘုရင့်နောင်ဈေးကုန်းလမ်းဆုံမီးပွိုင့်၊ ရွှေမြင်းဝန်စေတီတော်ဘုရားကြီးမီးပွိုင့်နေရာတို့၌ တောင်းရမ်းနေသူများအား မြို့တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက်မှတ်ရေးထိုးစေပြီးနောက် နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ " မြို့ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့လမ်းညွှန်မှုနဲ့ အလိုလုပ်ဆောင်တာပါ။ ဒီနေ့အထိ (၁၆)ယောက်ရှိပြီ။ သူတို့ဌားနေတဲ့ တိုက်ခန်း တန်းလျားပိုင်ရှင်တွေကိုလဲ...

အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်‌လို့ ရေနံဈေးမြင့်တက်လာ

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက်မှာ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခါတမ် အာလ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ဖြတ်သန်းသွားလာမှု အားလုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်(CENTCOM) ကတော့ ကုန်သွယ်ရေးသင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားအတွင်းကို ပုံမှန်အတိုင်းပဲ အဝင်အထွက် ဖြတ်သန်းသွားလာနေကြတုန်းပဲလို့ ပြောဆိုထားပါတယ်။ ဒီရေလက်ကြားနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေကြောင့် လန်ဒန်အခြေစိုက် ICE ရောင်းဝယ်ရေးဌာနမှာ ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းတွေဟာ ၁.၉ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။ နောက်ဆုံးဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071