ရန်ကုန်၊ စက်တင်ဘာ ၁၈
ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (စက်တင်ဘာ ၁၈ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ဓာတ်ဆီ 92 Ron ၃,၈၂၅ ကျပ်၊ ဓာတ်ဆီ 95 Ron ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၀ ကျပ်၊ ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ကျပ်အထိ ဖြစ်သည်။ စက်တင်ဘာ ၂၄ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
