Thursday, May 7, 2026

အိန္ဒိယ-ဗီယက်နမ် ဆက်ဆံရေး အဆင့်မြှင့်တင်

နူးဒေလီ၊ မေ ၆ ရက် ဗီယက်နမ်သမ္မတ တိုလမ်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို “ပိုမိုအားကောင်းသော ဘက်စုံမဟာဗျူဟာမြောက်...

TikTok က ထိုင်း၌ ဒေါ်လာ...

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က...

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI...

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့...

အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ...
HomeNewsLocal Newsပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့နံနက်အစောပိုင်း မီးလောင်ကျွမ်းမှုဖြစ်ပွား

ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့နံနက်အစောပိုင်း မီးလောင်ကျွမ်းမှုဖြစ်ပွား

ယနေ့ ဖေဖော်ဝါရီ (၂၆)ရက်၊ နံနက် အစောပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့ နယ်၊ (ဂ)ရပ်ကွက်၊ (၁၁၈)လမ်းနှင့် (၆၂) လမ်းဒေါင့်ရှိ နေအိမ် မီးလောင်မှုဖြစ်ပွားရာ သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မဟာအောင်မြေခရိုင် မီးသတ်စခန်း၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်း၊ ယာတော်အရန် မီးသတ်စခန်း၊ (ဃ)အရန်မီးသတ်စခန်း၊ လောကပါလအရန် မီးသတ်စခန်း၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၄)နာရီ (၄၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်မှုအကြောင်းအရင်း အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၂၄)ရက်၊ နံနက် (၉)နာရီအချိန်ခန့်ကလည်း ပြည်ကြီးတံခွန်မြို့နယ် ၆၈ A/ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားရှိ “ရှင်းသန့်” ဟိုတယ်နှင့် ဘူဖေးထမင်းဆိုင်တွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့သေးကြောင်းလည်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ထိုပြင် ဖေဖော်ဝါရီ(၂၀)ရက်၊နံနက်အစောပိုင်း (၄)နာရီကျော် အချိန်ခန့်ကလည်း ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀) နှင့် (၃၁)လမ်း (၈၆)လမ်းနှင့် (၈၇)ကြားရှိ နေအိမ် မီးလောင်မှုဖြစ်ပွားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် (၆) အိမ်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲနှင့် ဒေသခံတို့ထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယ-ဗီယက်နမ် ဆက်ဆံရေး အဆင့်မြှင့်တင်

နူးဒေလီ၊ မေ ၆ ရက် ဗီယက်နမ်သမ္မတ တိုလမ်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၎င်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို “ပိုမိုအားကောင်းသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး”အဆင့်သို့ ဗုဒ္ဓဟူးနေ့တွင် တိုးမြှင့်လိုက်ကြောင်း သိရသည်။ ယင်းနှင့်အတူ မြေရှားသတ္တုများ၊ ဆေးဝါးလုပ်ငန်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သဘောတူညီချက်များကို ချုပ်ဆိုခဲ့ကြပြီး ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၂၅ ဘီလျံအထိ ရောက်ရှိရန် ရည်မှန်းချက် ချမှတ်ခဲ့ကြသည်။ ဗီယက်နမ်၏ ဆယ်စုနှစ်များစွာအတွင်း အာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် ရပ်တည်လာသည့် သမ္မတ တိုလမ်သည်...

TikTok က ထိုင်း၌ ဒေါ်လာ ၂၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော အဓိကစီမံကိန်းကြီး ၆ ခုကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အတည်ပြုချက်များတွင် TikTok ၏ ထိုင်းနိုင်ငံတွင်း လုပ်ငန်းခွဲက ဆောင်ရွက်မည့် ဘတ် ၈၄၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်) တန်ဖိုးရှိ အကြီးစား ဒေတာအခြေခံအဆောက်အဦတိုးချဲ့ရေးစီမံကိန်းလည်း ပါဝင်ကြောင်း ဘီအိုအိုင်I ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ “ဒီစီမံကိန်းဟာ...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က SpaceX နှင့် ပူးပေါင်းမည်

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI ကို သီးခြားကုမ္ပဏီအဖြစ်ကနေ ဖျက်သိမ်းသွားမှာဖြစ်ပြီး SpaceXAI အနေနဲ့ပဲ ရှိပါတော့မယ်၊ ဒါဟာ SpaceX ကနေ ထွက်ပေါ်လာမယ့် AI ထုတ်ကုန်တွေ ဖြစ်လာမှာပါ” ဟု xAI ၏ စီးပွားရေးပြန်လည်ဖွဲ့စည်းမှုနှင့် ပတ်သက်သည့် ပို့စ်တစ်ခုကို တုံ့ပြန်ရာတွင် မတ်စ်က လူမှုကွန်ရက် X ပေါ်၌ ရေးသားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် xAI...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071