Tuesday, September 1, 2026

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက်...

​ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၂ သန်း (၂,၀၀၀,၀၀၀/- ဘတ်) ကို သမီးဖြစ်သူထံသို့...

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ...

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့်  လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက...

သံလွင်မြစ်ရေ ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်အသိပေး

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည် ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် ဘားအံမြို့၏စိုးရိမ်ရေမှတ်အ ထက်(၈၇)စင်တီမီတာကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။ ဘားအံမြို့၏စိုးရိမ်ရေမှတ်မှာ (၇၅၀)စင်တာမီတာဖြစ်ပြီး လက်ရှိအချိန်၌ (၈၃၇)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီးအနိမ့်ပိုင်းနေရာများတွင်...

ရေကျသွား၍ အ.ထ.က(အိုင်သပြု)ကျောင်းအတွင်း ရှင်းလင်းမှုများပြုလုပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ရေကြီးရေလျှံမှုမှာပြန်လည်ကျဆင်းလာပြီဖြစ်၍ သန့်ရှင်းရေးပြုလုပ်ခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့ သြဂုတ် ၃၁ ရက်တွင် အ.ထ.က(အိုင်သပြု)ကျောင်းရှိ စာသင်ခန်းများနှင့် ကျောင်းဝင်းအတွင်းတို့၌တင်ကျန်ခဲ့သည့် ရွှံ့နွံများ၊ အမှိုက်သရိုက်များကို...
HomeMoviesပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ်...

ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်

ပြင်ဦးလွင်၊ သြဂုတ် ၃၁
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။

ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ ပြင်ဦးလွင်-ဂုတ်ထိပ် ရထားလမ်းပိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အပြင် နောင်ချိုနှင့် ဂုတ်ထိပ်ဘူတာအကြား တံတားအမှတ် ၂၃၂ အနီးတွင် တောင်ကျရေများကြောင့် သံလမ်းပေါ် ရေကျော်မှု ထပ်မံမဖြစ်ပွားစေရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေမြောင်းများ စနစ်တကျ ပြုလုပ်ထားရန်လည်း ညွှန်ကြားခဲ့ကြောင်း သိရသည်။

သမိုင်းဝင် ဂုတ်ထိပ်တံတား အား ကြံ့ခိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် ဆေးသုတ်ပြုပြင်ထားမှုများ၊ တံတားတိုင်အောက်ခြေပတ်လည် ခြံစည်းရိုးကာရံထားမှုများကိုလည်း စနစ်တကျ ထိန်းသိမ်းရန်၊ တံတားကြမ်းခင်းပေါ် ရေတင်နေမှုမရှိစေရေး ရေထွက်ပေါက်များ ပြုလုပ်ရန်နှင့် ဆွေးမြေ့နေသည့် တံတားဇလီဖားများကို လဲလှယ်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်-ဂုတ်ထိပ် ရှုခင်းကြည့် RBE ရထားခရီးစဉ်သည် ခရီးသွားများအကြား စိတ်ဝင်စားမှုများပြားသည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ယခင်ကလည်း အပတ်စဉ် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာအမျိုးသမီးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် (၂) သန်းအား မိသားစုထံ လွှဲပြောင်းပေးအပ်​ဗန်ကောက်၊ဩဂုတ်-၃၁

​ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားတစ်ဦးအတွက် ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၂ သန်း (၂,၀၀၀,၀၀၀/- ဘတ်) ကို သမီးဖြစ်သူထံသို့ အလုပ်သမားသံအရာရှိရုံးမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ​ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၄၂ နှစ်အရွယ် ဒေါ်ဥမ္မာလွင်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းက နခွန်ပထုံမြို့နယ်၊ ညဈေးမီးပွိုင့်အနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ​အဆိုပါဖြစ်စဉ်အတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီထံမှ ရသင့်ရထိုက်သော အာမခံကြေးငွေများ ပြန်လည်ထုတ်ယူနိုင်ရေး အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။အဆိုပါ...

အာဂျင်တီးနား ဂန္ထဝင်ကစားသမား မက်ဆီ နိုင်ငံလက်ရွေးစင်အသင်းကနေ တရားဝင်အနားယူ 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့်  လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း...

သံလွင်မြစ်ရေ ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန်အသိပေး

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည် ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် ဘားအံမြို့၏စိုးရိမ်ရေမှတ်အ ထက်(၈၇)စင်တီမီတာကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။ ဘားအံမြို့၏စိုးရိမ်ရေမှတ်မှာ (၇၅၀)စင်တာမီတာဖြစ်ပြီး လက်ရှိအချိန်၌ (၈၃၇)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီးအနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများစတင်ဖြစ်ပေါ်လာလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ကမ်းအနီးနှင့် ရေဝင်နိုင်သည့်နေရာများတွင် နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ သတိပေးချက်များကို အလေးထားလိုက်နာကာ လိုအပ်သောကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071