မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ “ရဲရင့်”ရေခဲစက်တွင် ယနေ့ သြဂုတ် ၅ ရက်နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ နဝရတ်လမ်းရှိ “ရဲရင့်”ရေခဲစက်တွင်မီးလောင်မှုဖြစ်ပွား၍ ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ခြံဝင်းအတွင်း၌ရပ်ထားသည့် HUNDYI COUNTRY ကားတစ်စီးမီးလောင်ကျွမ်းကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
