Wednesday, September 9, 2026

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို သက်...

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို ယနေ့ စက်တင်ဘာ ၈ ရက်က...

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ...

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်က ကြေညာချက်အမှတ် ၃/၂ဝ၂၆ ဖြင့်...

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ...

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်၏ ယနေ့ စက်တင်ဘာ ၈ ရက်ထုတ်ပြန်ချက်အရ...

ငဝန်တာနိမ့်ကျမှုမှ ရေဝင်လမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှု ၏ တာတမံအရေးပေါ်ကာကွယ်ခြင်းနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ခြင်းတို့အား ဩဂုတ် ၄ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ စက်တင်ဘာ ၈ ရက်တွင်...
HomeNewsLocal Newsပျဥ်းမနားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍...

ပျဥ်းမနားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဓာတ်အားလိုင်းတိုင်များလဲကျပျက်စီး

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တောင်ပေါ်ဒေသ၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာသို့သွယ်တန်းထားသော 11kv ဓာတ် အားလိုင်းတိုင်များလဲကျပျက်စီးခဲ့သဖြင့် ဖလောင်းကျေးရွာတွင်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လဲကျပျက်စီးမှုအား ပျဉ်မနားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများမှဓာတ်အားလိုင်းတိုင်များကိုပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို သက် ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို ယနေ့ စက်တင်ဘာ ၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃) ဦး၊ ယူဂန်ဒါနိုင်ငံသား(၃)ဦးနှင့် ရဝမ်ဒါနိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအ ချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန် ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အ ထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပမည်

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်က ကြေညာချက်အမှတ် ၃/၂ဝ၂၆ ဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ကျင်းပသွားမည်ဖြစ်သည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပမည်

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်၏ ယနေ့ စက်တင်ဘာ ၈ ရက်ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071