ပဲခူးမြို့ခု တင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၏ အောင်သုခဆေးကုသဆောင်၌ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့်ပြုပြင်မှုဆိုင်ရာခွဲစိတ်ကုသမှုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်သော ဆေးလက်တွေ့ပါရဂူသင်တန်းသားများက ခွဲစိတ်ကုသမှုများပြုလုပ်ပေးလျက်ရှိသည်။
ဇူလိုင် ၄ ရက်က နှုတ်ခမ်းကွဲလူနာ(၉)ဦး၊ အာခေါင်ကွဲလူနာ(၂)ဦး၊ ဇူလိုင် ၅ ရက်က နှုတ်ခမ်းကွဲ/အာ ခေါင်ကွဲလူနာ(၁၁)ဦးတို့အား ခွဲစိတ်ကုသမှုများပြု လုပ်ပေးခဲ့ပြီး ယနေ့ ဇူလိုင် ၆ ရက်တွင်လည်း ဆက်လက်ခွဲစိတ်ကုသပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ခွဲစိတ်ကုသပေးနေမှု၊ ခွဲစိတ်ကုသမှုပြုလုပ်ပြီးသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် ခွဲစိတ်ကုသမည့်လူနာများအား ဇူလိုင် ၅ ရက်နံ နက်ပိုင်းက ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့မှ သွားရောက်ကြည့်ရှု့အားပေးပြီး အဝတ် အထည်များ၊ မုန့်၊ ပဲနို့၊ ကစားစရာအရုပ်များကိုပေး အပ်ခဲ့ကြကြောင်း သိရသည်။
