Wednesday, May 13, 2026

ရှမ်း(တောင်)ဒေသ အာလူးဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အာလူးစျေးကွက်မှာဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိနေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံအတွင်း အာလူးထွက်ရှိမှုအများဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ဟဲဟိုး၊ အောင်ပန်း၊...

မျက်မမြင်နှင့် နားမကြားသောကလေးများကျောင်းများတွင် ကျောင်းသားသစ်များခေါ်ယူ၊ စားသောက်နေထိုင်စရိတ်...

လျှောက်ထားနိုင်သည့် ကျောင်းများမျက်မမြင်ကျောင်းများ ရန်ကုန်မြို့ (ကြည့်မြင်တိုင်) နှင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်းများတွင် လျှောက်ထားနိုင်သည်။ နားမကြားသောကလေးများကျောင်းများရန်ကုန်ကျောင်းနှင့် မန္တလေးကျောင်းတို့တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလေးငယ်များ တက်ရောက်ရန် လျှောက်ထားနိုင်သည်။ ခံစားခွင့်နှင့်...

ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ...

ဗီယက်နမ်သင်္ဘောကိုဖြတ်သန်းခွင့်ပေးရန်ယူအက်စ်ရေတပ်ကို တောင်းဆို

      အီရတ်ရေနံတင်ဆောင်လာသော ရေနံစိမ်းတင်သင်္ဘောတစ်စင်းကို အရှေ့အလယ်ပိုင်းပင်လယ်ကွေ့ရှိ ရေတပ်၏ ပိတ်ဆို့တားဆီးထားမှုကို ဖြတ်ကျော်ခွင့်ပြုရန် ဗီယက်နမ်နိုင်ငံပိုင် ရေနံကုမ္ပဏီ၏ ကုန်သွယ်ရေးဌာနခွဲက အမေရိကန်ရေတပ်ကို တောင်းဆိုခဲ့သည်။ အဆိုပါသင်္ဘောသည် ဗီယက်နမ်ရေနံချက်စက်ရုံအတွက်...
HomeNewsLocal Newsပဲခူးတိုင်းအတွင်း နိုင်ငံတော်အစိုးရ၏ ရက်...

ပဲခူးတိုင်းအတွင်း နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID နံပါတ်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယနေ့ မေလ (၁၃) ရက်က ဆောင်ရွက်ပေးခဲ့ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံက သိရသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင် စာရင်းကောက်ယူရရှိသည့် ပဲခူးတိုင်းဒေသကြီး တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည် အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်း အစီရင်ခံစာသည် ပဲခူးတိုင်းအတွင်းရှိ လူဦးရေနှင့် အိမ်အကြောင်းအရာ အခြေအနေများကို တိကျစွာသိရှိနိုင်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဓိက အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က သန်းခေါင်စာရင်းမှ ရရှိလာသော အချက်အလက်များအပေါ်အခြေခံ၍ နောင်တွင် ဒေသအကျိုးပြုမူဝါဒများနှင့် စီမံကိန်းများစနစ်တကျ ရေးဆွဲနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ပဲခူးတိုင်း၏ သန်းခေါင်စာရင်းအချက်အလက်များ တရားဝင်ထွက်ရှိလာပြီးဖြစ်သလို တစ်ဘက်တွင်လည်း ပြည်သူ များအတွက် အရေးကြီးသည့် နိုင်ငံသားကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်း(တောင်)ဒေသ အာလူးဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အာလူးစျေးကွက်မှာဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိနေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံအတွင်း အာလူးထွက်ရှိမှုအများဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ဟဲဟိုး၊ အောင်ပန်း၊ ပင်းတယ၊ ကလော၊ နောင်တရားနှင့် တီကျစ်ဒေသများတွင် အာလူးစိုက်ပျိုးမှုကို အဓိကထား လုပ်ကိုင်လျက်ရှိသည်။ ရှမ်း(တောင်)ဒေသထွက် အာလူးဈေးနှုန်းများမှာ ရာသီအလိုက် အပြောင်းအလဲရှိနေပြီး သီးနှံထွက်ရှိမှုများသောကာလများတွင် ဈေးနှုန်းကျဆင်းကာ သီးနှံရှားပါးသည့်ကာလများတွင် ဈေးနှုန်းမြင့်တက်လေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း စိုက်ပျိုးရေးကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာမှုကြောင့် အာလူးဈေးနှုန်းများသည် ယခင်နှစ်များထက် အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒေသစုံမှ သီးနှံအထွက်များပြားလာသဖြင့်...

မျက်မမြင်နှင့် နားမကြားသောကလေးများကျောင်းများတွင် ကျောင်းသားသစ်များခေါ်ယူ၊ စားသောက်နေထိုင်စရိတ် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့မည်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ မျက်မမြင်ကျောင်းများနှင့် နားမကြားသောကလေးများကျောင်းများတွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူသစ်များကို လက်ခံခေါ်ယူနေပြီဖြစ်ကြောင်း ယနေ့ (မေလ ၁၃ ရက်) တွင် အသိပေးထုတ်ပြန်လိုက်သည်။

လျှောက်ထားနိုင်သည့် ကျောင်းများမျက်မမြင်ကျောင်းများ ရန်ကုန်မြို့ (ကြည့်မြင်တိုင်) နှင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်းများတွင် လျှောက်ထားနိုင်သည်။ နားမကြားသောကလေးများကျောင်းများရန်ကုန်ကျောင်းနှင့် မန္တလေးကျောင်းတို့တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလေးငယ်များ တက်ရောက်ရန် လျှောက်ထားနိုင်သည်။ ခံစားခွင့်နှင့် ထောက်ပံ့မှုများ အဆိုပါကျောင်းများတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများ ပေးသွင်းရန် မလိုသည့်အပြင်၊ ကျောင်းအိပ်ကျောင်းစား နေထိုင်စရိတ်နှင့် စားသောက်စရိတ်များကိုလည်း နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ဆက်သွယ်စုံစမ်းရန် ကျောင်းဝင်ခွင့်အတွက် လိုအပ်သည့် အသေးစိတ်သတ်မှတ်ချက်များနှင့် သိရှိလိုသည့် အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ (သို့မဟုတ်) သက်ဆိုင်ရာကျောင်းများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ...

ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၆ ရက်တွင် ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာရှိ အ.လ.က ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်နှင့် စာသင်ခန်းများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျေးလက်ဆေးပေးခန်းဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်ခြင်းများကိုပြုလုပ်ခဲ့ကြသည်။ ထို့ပြင် မေ ၁၁ ရက်ကလည်း ဖလမ်းမြို့ပေါ်ရှိ အ.ထ. က(ဖလမ်း)၊ မေ ၁၂ ရက်နှင့် ယနေ့ မေ ၁၃ ရက်တို့တွင် အ.မ.က ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071