Friday, June 12, 2026

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN...

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား...

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင်...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း...

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ...

ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း...
HomeMoviesပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ...

ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်ထား စက်တပ်လှေ ၇၉ စီး၊ မီးစက် ၂၀ လုံး၊ ရေစုပ်စက် ၁၈ လုံး အသင့်ပြင်ထား

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများအတွက် တိုင်းဒေသကြီးတစ်ဝန်း ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စီစဉ်ထားကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “မိုးများသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သည်” ဟု ပြောကြားသည်။

ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းခဲ့ပြီးနောက် ပဲခူးမြစ်ရေသည် မူလမြစ်ရေအဆင့်ထက် ၃၀၀ စင်တီမီတာမှ ၆၀၀ စင်တီမီတာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ပဲခူးမြို့ရှိ ပဲခူးမြစ်၏ စိုးရိမ်ရေအမှတ်ကို ၈၈၀ စင်တီမီတာ သတ်မှတ်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။

သို့သော် ဇွန်လ ၈ ရက်မှစတင်ကာ ပဲခူးမြစ်ရေသည် တဖြည်းဖြည်း ကျဆင်းလာပြီး လက်ရှိအချိန်တွင် မြစ်ရေကြီးမှု မရှိသေးကြောင်း ဌာနဆိုင်ရာက ဆိုသည်။

တိုင်းဒေသကြီးအတွင်း မိုးများသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံမှုများကို တုံ့ပြန်နိုင်ရန် စက်တပ်လှေ ၇၉ စီး၊ မီးစက် ၂၀ လုံးနှင့် ရေစုပ်စက် ၁၈ လုံးကို ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

ပဲခူးမြို့သည် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့ရသည့် ဒေသတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ရေနှစ်ကြိမ်ကြီးခဲ့ရာ အိမ်ထောင်စုပေါင်း ၃၀,၀၀၀ ခန့် ထိခိုက်ခဲ့ကာ ကယ်ဆယ်ရေးစခန်း ၄၀ နီးပါး ဖွင့်လှစ်ခဲ့ရကြောင်း ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မိုးလေဝသသတိပေးချက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်ကြရန်နှင့် ရေကြီးရေလျှံနိုင်သည့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် တိုက်တွန်းထားသည်။

ပုံစာ-၂၀၂၃ ခုနှစ်က ရေကြီးမှုဖြစ်ပွားခဲ့သည့် ပဲခူးမြို့မြင်ကွင်းများ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။ အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်း (Record) များအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး၊...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် DI Ammonium Phosphate (DAP)...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။ Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071