ပေါက်ခေါင်းမြို့မှာ ရှိတဲ့စိတ္တသုခကျောင်း ဆောင်မှာခေါင်မိုးအတွက်အလှူငွေများထည့်ဝင်လှူဒါန်းခဲ့တဲ့ ဘုန်းလျှံတို့ဇနီးမောင်နှံ
သရုပ်ဆောင်ဘုန်းလျှံတို့ဇနီးမောင်နှံအနေနဲ့ လမ်းပန်းဆက်သွယ်မှုခက်ခဲလှတဲ့ ပေါက်ခေါင်းမြို့လေးမှာ သာသနာပြုလုပ်ငန်းအတွက် ဦးဆောင် ဆောင်ရွက်နေတဲ့ ရေငံတောင်ဆရာတော် ဦးသုမနဦးစီးသော စိတ္တသုခကျောင်းဆောင်ရဲ့ ခေါင်မိုးအလှူတွက်အလှူငွေများကို ဒီဇင်ဘာလ ၂၇ ရက်နေ့ကလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
” ရေငံတောင်ဆရာတော် ဦးသုမနဦးစီးသောစိတ္တသုခကျောင်းဆောင်အတွက် အစ်ကို့တို့က ခေါင်မိုးအလှူအနေနဲ့ လှူဒါန်းပေးခဲ့တာပါ ခေါင်မိုးလှူချင်တဲ့ စိတ်ကလဲ ဖြစ်နေတော့ လှူဖြစ်သွားတာပါ ” လို့ဘုန်းလျှံက ပြောပါတယ်။
အခုလက်ရှိမှာ သရုပ်ဆောင်ဘုန်းလျှံတို့ဇနီးမောင်နှံတို့အနေနဲ့ ရခိုင်ပြည်နယ်ကိုရောက်ရှိနေပြီး လိုအပ်တဲ့နေရာလေးတွေမှာလည်း တတ်နိုင်သလောက်ပါဝင်ကူညီလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။
Zaw Gyi