ပျဥ်းမနားမြို့၏ အထင်ကရနေရာတခုဖြစ်သည့် ရှမ်းကန်ရှိ ငါးများသည် ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် အများအပြား ေ-သဆုံးသွားကြောင်း သိရသည်။
ယင်းငါးများသည် အပူရှိန်ကြောင့် အောက်စီဂျင်ပြတ်ပြီး ေ-သဆုံးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ ကန်၏ ရေအရည်အသွေး ညစ်မှုကြောင်းလည်း ဖြစ်နိုင်ကြောင်း သွားရောက်ဆယ်ယူပေးခဲ့သူများက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။
“အားလုံးသုံးသပ်တာကတော့ အပူရှိန်လွန်ကဲပြီး အောက်ဆီဂျင်ပြတ်ပြီး အခုလို ငါးတွေေ-သတယ်လို့လောလာဆယ် သုံးသပ်ထားကြပါတယ်” လို့မိုးစေတနာပရဟိတအသင်း ရန်ကုန်-မန္တ လေး ပျဥ်းမနားရုံးခွဲ လူငယ် တွဲလက်များလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဌ ကိုဝေဖြိုးကလည်း သတင်းမီဒီယာများကို ဖြေကြားထားသည်။
ေ-သဆုံးသည့် ငါးအရေအတွက်သည် သောင်းဂဏန်းနီးပါးရှိကာ ငါးေ-သများကို ပျဉ်းမနားမြို့၊ စည်ပင်သာယာရေးကော်မတီ က တာဝန်ရှိသူများ၊ မိုးစေတနာပရဟိတအသင်း ရန်ကုန် – နေပြည်တော် – ပျဉ်းမနား ရုံးခွဲ အပါအဝင် ဒေသခံပရဟိတလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ စုပေါင်းကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်ဟုလည်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
