Friday, May 8, 2026

ဆိုင်ခန်းပေါင်း(၂၄၉)ခန်းပါဝင်သည့် “အောင်သစ်လွင်”စျေးသစ်ကို မကွေးမြို့၌ဖွင့်လှစ်

စျေးဆိုင်ခန်းပေါင်း(၂၄၉)ခန်းပါဝင်ပြီး မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်နှင့် တိုးချဲ့ရပ်ကွက်များတွင်နေထိုင်သူများ သန့်ရှင်းသပ်ရပ်စွာဈေးဝယ်ယူနိုင်စေရန်နှင့် ပျံ့ကျဈေးသည်များစနစ်တကျရောင်းချနိုင်ရန်အတွက် အောင်မေတ္တာရပ်ကွက်၊ သစ်တောလမ်း၌ "အောင်သစ်လွင်"စျေးသစ်ကို ယနေ့ မေ ၈...

ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် ပျဥ်းမနားမြို့ ရှမ်းကန်ရှိ...

ပျဥ်းမနားမြို့၏ အထင်ကရနေရာတခုဖြစ်သည့် ရှမ်းကန်ရှိ ငါးများသည် ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် အများအပြား ‌ေ-သဆုံးသွားကြောင်း သိရသည်။ ယင်းငါးများသည် အပူရှိန်ကြောင့် အောက်စီဂျင်ပြတ်ပြီး ‌ေ-သဆုံးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့...

​ဘဂ္ဂဒတ်တွင် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာအမျိုးသမီး (၃)...

အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အလုပ်လုပ်ကိုင်ရင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦးသည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့...

ရန်ကုန်တွင် မိုးတိမ်တောင်ဖြစ်ပေါ်နေ၊ လေပြင်းနှင့် မိုးသီးကြွေနိုင်ခြေရှိသဖြင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါတိမ် တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များဖြစ်ပေါ်နိုင်သည်သဖြင့် ကြိုတင်သတိပြုကြရန် ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိ...
HomeMoviesမြန်မာအစိုးရသစ်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး...

မြန်မာအစိုးရသစ်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများအပေါ် ထိုင်းနိုင်ငံက ကြိုဆို

မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့် မြ တ်ရေးလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်နေမှုများအပေါ် ထိုင်းနိုင်ငံဘက်မှ အပြုသဘောဆောင်သောအမြင်ဖြင့် အသိအမှတ်ပြုကြိုဆိုလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sirilak Niyom နှင့် ယမန်နေ့ မေလ (၇) ရက်၊ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ ဆုံစဉ် Ms. Sirilak Niyom က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သ ည်။

တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့သလိုအထူးသဖြင့် ဒီမိုကရေစီလုပ်ငန်းစဉ်များ၏ အသက်သွေးကြောဖြစ်သော လွှတ်တော်လုပ်ငန်းစဉ်များ ပြန်လည်စတင်နေမှု၊ ရွေးကောက်ခံအစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကဦးစားပေး ကဏ္ဍအဖြစ် သတ်မှတ်ဖော်ဆောင်နေမှုများကို ထည့်သွင်းဆွေးနွေးခဲ့သည်။

ထို့ပြင် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအသီးသီးမှ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်ခိုင်မာသည့် ကတိကဝတ်များ ထားရှိထားကြောင်းကိုလည်း သံအမတ်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sirilak Niyom က ယခုကဲ့သို့ အခြေအနေမှန်များကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောကြားပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အတူ မြန်မာအစိုးရသစ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များကို ထိုင်းနိုင်ငံအနေဖြင့် အသိအမှတ်ပြု ကြိုဆိုပါကြောင်း ပြန်လည်ပြောကြားခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုင်ခန်းပေါင်း(၂၄၉)ခန်းပါဝင်သည့် “အောင်သစ်လွင်”စျေးသစ်ကို မကွေးမြို့၌ဖွင့်လှစ်

စျေးဆိုင်ခန်းပေါင်း(၂၄၉)ခန်းပါဝင်ပြီး မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အောင်စေတနာရပ်ကွက်နှင့် တိုးချဲ့ရပ်ကွက်များတွင်နေထိုင်သူများ သန့်ရှင်းသပ်ရပ်စွာဈေးဝယ်ယူနိုင်စေရန်နှင့် ပျံ့ကျဈေးသည်များစနစ်တကျရောင်းချနိုင်ရန်အတွက် အောင်မေတ္တာရပ်ကွက်၊ သစ်တောလမ်း၌ "အောင်သစ်လွင်"စျေးသစ်ကို ယနေ့ မေ ၈ ရက်ကဖွင့်လှစ်ခဲ့သည်။ အဆိုပါ စျေးသစ်ကို မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းအစိုးရ အဖွဲ့အနေဖြင့် ပြည်သူ့အသံကိုနားထောင်ပြီး အစဉ်တစိုက်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ "အောင်သစ်လွင်"ဈေးသစ်သည် ပြည်သူလူထု၏အ ခြေခံလိုအပ်ချက်ထဲမှ အဓိကကျသောအဆောက်အအုံတစ်ခုဖြစ်၍ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စျေးသစ်သည် အလျားပေ(၇၂၀)၊ အကျယ်ပေ(၁၀၀)ပေါ်တွင် ဆိုင်ခန်း(၁၅၃)ခန်း၊ သားငါးဆိုင်ခန်း (၁၂)ခန်း၊ ပျံကျဆိုင်ခန်း(၈၄)ခန်း (စုစုပေါင်း ၂၄၉ ခန်း)ပါဝင်ကာ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ကားများအလွယ်တကူဝင်ထွက်သွားလာနိုင်ရန် ကွန်ကရစ်လမ်းများခင်းပေးထားသည်။ ထို့ပြင်...

ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် ပျဥ်းမနားမြို့ ရှမ်းကန်ရှိ ငါးများ ‌ေ-သဆုံး

ပျဥ်းမနားမြို့၏ အထင်ကရနေရာတခုဖြစ်သည့် ရှမ်းကန်ရှိ ငါးများသည် ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် အများအပြား ‌ေ-သဆုံးသွားကြောင်း သိရသည်။ ယင်းငါးများသည် အပူရှိန်ကြောင့် အောက်စီဂျင်ပြတ်ပြီး ‌ေ-သဆုံးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ ကန်၏ ရေအရည်အသွေး ညစ်မှုကြောင်းလည်း ဖြစ်နိုင်ကြောင်း သွားရောက်ဆယ်ယူပေးခဲ့သူများက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။ “အားလုံးသုံးသပ်တာကတော့ အပူရှိန်လွန်ကဲပြီး အောက်ဆီဂျင်ပြတ်ပြီး အခုလို ငါးတွေ‌ေ-သတယ်လို့လောလာဆယ် သုံးသပ်ထားကြပါတယ်" လို့မိုးစေတနာပရဟိတအသင်း ရန်ကုန်-မန္တ လေး  ပျဥ်းမနားရုံးခွဲ လူငယ် တွဲလက်များလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဌ ကိုဝေဖြိုးကလည်း သတင်းမီဒီယာများကို ဖြေကြားထားသည်။ ‌ေ-သဆုံးသည့် ငါးအရေအတွက်သည် သောင်းဂဏန်းနီးပါးရှိကာ...

​ဘဂ္ဂဒတ်တွင် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦး ရန်ကုန်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ​​

အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အလုပ်လုပ်ကိုင်ရင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦးသည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ​အဆိုပါ အမျိုးသမီးများသည် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်း ဖြစ် သည်။ မြန်မာသံရုံးမှတစ်ဆင့် အီရတ်အာဏာပိုင်များ၊ IOM အဖွဲ့တို့နှင့် အချိန်မီညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ၎င်းတို့အား အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ​၄င်းတို့သည် မေလ (၇) ရက်နေ့ ည (၀၈:၀၅)နာရီတွင် MAI လေကြောင်း လိုင်းဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071