Home Movies ​ဘဂ္ဂဒတ်တွင် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦး ရန်ကုန်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ​​

​ဘဂ္ဂဒတ်တွင် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦး ရန်ကုန်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ​​

0
71

အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အလုပ်လုပ်ကိုင်ရင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦးသည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

​အဆိုပါ အမျိုးသမီးများသည် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်း ဖြစ် သည်။

မြန်မာသံရုံးမှတစ်ဆင့် အီရတ်အာဏာပိုင်များ၊ IOM အဖွဲ့တို့နှင့် အချိန်မီညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ၎င်းတို့အား အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

​၄င်းတို့သည် မေလ (၇) ရက်နေ့ ည (၀၈:၀၅)နာရီတွင် MAI လေကြောင်း လိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ​ပြည်ထဲရေးဝန်ကြီးဌာနနှင့်​လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ​တာ ဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုခဲ့ကြပြီး နေရပ်ပြန်နိုင်ရေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ကြကြောင်း သိရသည်။

​ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အလုပ်အကိုင်နှင့် ပတ်သက်၍ အခက်အခဲရှိပါက နီးစပ်ရာမြန်မာသံရုံးများသို့အချိန်မီဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here