Friday, August 7, 2026

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...
HomeInternationalပူတင်နှင့် အမြန်ဆုံး တွေ့သွားမည်--ထရမ့်ပ်

ပူတင်နှင့် အမြန်ဆုံး တွေ့သွားမည်–ထရမ့်ပ်

လာမည့်သီတင်းပတ်တွင် သမ္မတရာထူး ကို စတင်တာဝန်ယူပြီးသည်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမြန်ဆုံးတွေ့ဆုံသွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ်ပ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းကို စတင်စစ်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ပထမဆုံးဖြစ်လာမည့် တွေ့ဆုံမှု၏ အချိန်ကာလကိုမူ သူက ပြောဆိုခဲ့ခြင်းမရှိပေ။

စစ်ပွဲအဆုံးသတ်ရေး အတွက် သူ၏ နည်းလမ်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် နည်းလမ်းတစ်ခုသာရှိကြောင်းနှင့် ယင်းသည် ပူတင်အပေါ် မူတည်ကြောင်း ထရမ့်ပ်က ပြောဆိုသည်။ ပူတင်အနေဖြင့် သူသွားရာလမ်းကြောင်းသည် လုံးလုံးအဆင်ချောနေခြင်းမရှိသည့်အတွက် အရမ်းကျေနပ်နေလိမ့်မည်ဟု သူ မထင်ပါကြောင်းလည်း ဆိုခဲ့သည်။

သူတွေ့ချင်နေသည်ကို မိမိသိကြောင်းနှင့် အမြန်ဆုံးတွေ့သွားမည်ဖြစ်ကြောင်း၊ အမြန်ဆုံးလုပ်မည်ဖြစ်သော်လည်း တစ်ချို့အရာများသည် တရားဝင်ရာထူးတာဝန်ထမ်းဆောင်မှသာ လုပ်ရမည့်အရာများဖြစ်ကြောင်း ထရမ့်ပ်က ပြောဆိုခဲ့သည်။

နိုင်ငံတော်လုံခြုံရေးအကြံပေးဖြစ်လာမည့် လွှတ်တော်အမတ် Mike Waltz က လာမည့်ရက်ပိုင်းနှင့် ရက်သတ္တပတ်များအတွင်း ထရမ့်ပ်နှင့် ပူတင်အကြား ဖုန်းခေါ်ဆိုမှု ရှိလာမည်ဟု မျှော်လင့်ထားကြောင်း တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုကြောင့် လူပေါင်း သောင်းနှင့်ချီ၍ ‌ေ-သဆုံးထားပြီး သန်းနှင့်ချီ၍ စစ်ဘေးရှောင်နေခဲ့ရကာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်းနောက်ပိုင်း မော်စကိုနှင့် အနောက်တိုင်းအကြား ဆက်ဆံရေးသည် အကြီးမားဆုံးပြိုကွဲမှုများ ဖြစ်စေခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ ဝယ်ယူနိုင်ရန် စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင် လိုအပ်သည့် ပမာဏအတိုင်း လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။ ထို့အပြင် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့် စက်သုံးဆီများကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။ ဩဂုတ်လ ၆ ရက်နေ့တွင် ကယ်ဆယ်ရေးလှေများအတွက် ဓာတ်ဆီ ၂၆၅ ဂါလံနှင့် ဒီဇယ်ဆီ ၁၃ ဂါလံတို့ကို အခမဲ့ ခွဲဝေပေးခဲ့ပြီး ယနေ့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071