Sunday, May 31, 2026

G-2 မှ G-12 အထိ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက...

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြမ်းဖက်မှုများကြောင့် လူရာနှင့်ချီ၍ အဖမ်းခံရ

စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို...

” အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ပွဲဦးထွက်ကစားရမှာဖြစ်လို့...

အင်ဒိုနီးရှားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ မေ ၃၁ ရက်ကပြုလုပ်ရာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနည်းပြချုပ်...

မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ RBE ရထားစီးနင်း၍...

မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်သည် RBE ရထား စီးနင်းလိုက်ပါ၍ စစ်ဆေးခဲ့သည်။ ယမန်နေ့ (မေ၃၀) နံနက်ပိုင်းက စီးနင်းခဲ့ခြင်း ဖြစ်ကာ ရထားပို့ဆောင်ရေးလုပ်ငန်းများ...
HomeNewsLocal Newsပုသိမ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

ပုသိမ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်ပြည်သူ့ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် လာမည့် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် သွေးလှူရှင်(၁၀၀)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သွေးလှူရှင်များအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများကကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)လှူဒါန်း

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက လှူဒါန်းပေးခဲ့သည်။ " ဒီတစ်ကြိမ်လှူတာက (၅)ကြိမ်မြောက်ပါ။ နှစ်တိုင်းအ ခုလိုကျောင်းဖွင့်ချိန်ရောက်ခါနီးတိုင်းလှူဒါန်းပေးတာပါ"ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြောသည်။ ကျောင်းသား/သူများအား ကျောပိုးအိတ်များလှူဒါန်းပေးခဲ့သည့်အပြင် ယင်းနေ့ညပိုင်းက "ထိုက်သူပန်"ယာဥ်လိုင်းဖြင့် လိုက်ပါစီးနင်းသူများကိုလည်း ကျောပိုး အိတ်များလှူဒါန်းပေးခဲ့သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြမ်းဖက်မှုများကြောင့် လူရာနှင့်ချီ၍ အဖမ်းခံရ

စနေနေ့က ပါရီစန့်ယာမန်း (ပီအက်စ်ဂျီ) အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲအနိုင်ကြောင့် ပါရီတွင် လူထောင်ပေါင်းများစွာ လမ်းများပေါ်ထွက် အောင်ပွဲခံချိန်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ခဲ့ပြီး လူ ၂၈၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယမန်နှစ်က ပြိုင်ပွဲတွင်လည်း ပီအက်စ်ဂျီအသင်းအနိုင်ရခဲ့ပြီးနောက် မငြိမ်သက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုပွဲစဉ်အတွက် ပါရီတွင် ရဲ ၈,၀၀၀ အပါအဝင် ပြင်သစ်နိုင်ငံတစ်ဝန်း၌ ရဲတပ်ဖွဲ့ဝင် ၂၂,၀၀၀ ခန့်ကို ချထားခဲ့သည်။ နှောင့်ယှက်ဖျ-က်ဆီးမှုများကို လျှော့ချရန်အတွက် ပါရီမြို့ရှိ ဓာတ်ရထားလိုင်းများကို ရပ်ဆိုင်ထားကာ မြေအောက်ရထားဘူတာရုံများစွာကို ပိတ်ထားခဲ့ပြီး ဘတ်စ်ကားအသွားအလာများကိုလည်း ရပ်ဆိုင်းထားခဲ့သည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်...

” အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ပွဲဦးထွက်ကစားရမှာဖြစ်လို့ တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားပြီး ဒီအခွင့်အ ရေးကိုမျှော်လင့်စောင့်စားနေပါတယ်”ဟု မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနည်းပြချုပ်ပြော

အင်ဒိုနီးရှားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ မေ ၃၁ ရက်ကပြုလုပ်ရာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနည်းပြချုပ် Mr. Ryuji Sueoka ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ် သည်။ " ဒီကိုရောက်ရှိလာရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ အထူးသဖြင့် အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ပွဲ ဦးထွက် ကစားရမှာဖြစ်လို့ ပရိသတ်တွေအများကြီး လာရောက်အားပေးကြမှာပါ။ အဲဒီအတွက် ကျွန်တော် တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားနေပြီး ဒီအခွင့်အရေးကို မျှော်လင့်စောင့်စားနေပါတယ်"ဟု နည်းပြချုပ် Mr. Ryuji Sueoka ကပြောသည်။ မြန်မာ့လက်ရွေးစင် ယူ-၁၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071