Monday, August 17, 2026

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ...

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆...

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁...

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန်...

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင်...
HomeMoviesပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊...

ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ပြည်ထောင်စုဝန်ကြီးပြော

ပုဂံဒေသရှိ  ရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ပြည်သူများနှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကပြောသည်။

ယမန်နေ့ က  ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုပြီး ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း (မေတ္တာစောင်းတန်း)၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသည့် ခေါင်းလောင်းနှင့် ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ မွန်ကျောက်စာများကို သွားရောက်ကြည့်ရူစဉ် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ပြုပြင်ထိန်းသိမ်းမှုများကို ရှေးမူမပျက်ဆောင်ရွက်ရန်၊ ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိ မွန်ကျောက်စာကို မြန်မာဘာသာဖြင့် အနက်အဓိပ္ပာယ်ပြန်ဆိုမှုများကိုပါ ပြသသွားရန် လည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရွာဟောင်းကြီး ရေကန်တူးဖော်ထားမှု၊ Buddhist Complex တူးဖော်ဆောင်ရွက်ခဲ့မှု၊ ရွှေနန်းရင်တော်ကန်-၁ ရေကန်ဆယ်ယူထိန်းသိမ်းထားမှု၊ ဓမ္မရံကြီးဂူဘုရားနှင့် စူဠာမဏိဂူဘုရား ပြုပြင်ထိန်းသိမ်းထားမှု၊ ဖိုးသူတော်ကန်နှင့် ညောင်လက်ဖက်ကန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံများနှင့် ဝန်းကျင်တွင် ရေကြီး၊ ရေလျှံ၊ ရေဝပ်မှုများ မဖြစ်စေရေး ကြိုတင်စစ်ဆေးဆောင်ရွက်ရန်၊ ဓမ္မရံကြီးနှင့် စူဠာမဏိဂူဘုရားများ၏ တံတိုင်းအတွင်းတွင် ရေမဝပ်အောင် ရှေးဟောင်းရေထွက်ပေါက်များမှ ရေထွက်နိုင်ရေး စစ်ဆေးဆောင်ရွက်ရန်၊
ဘုရားများ၏အပေါ် ပေါင်းမိုးများမှ အုတ်အချို့ ဆွေးမြည့်နေမှုနှင့် အက်ကြောင်းများ အစားထိုးဖာထေးပြုပြင် ထိန်းသိမ်းရန်၊ လည်း ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား သိသိသာသာလျှော့ချရန် အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကုန်ကျစရိတ်များပြားသည့်အပြင် မြောက်ကိုရီးယားအပေါ် ရန်လိုမှုကို ပြသရာရောက်ကြောင်း ထရမ့်ပ်က ၎င်း၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် မိမိအကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိနေချိန်တွင် အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် စိတ်မချမ်းမြေ့ကြောင်းလည်း ၎င်းက ဆိုသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုံးဝဖျက်သိမ်းရန်မှာ နောက်ကျလွန်းနေပြီဖြစ်သဖြင့် လေ့ကျင့်မှုအရွယ်အစားကို...

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆ မြို့တွင် မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။ မိုးဇလဌာန၏ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃၃...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁ ဦးအား ဝတ်စုံများထောက်ပံ့

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Grade-5 မှ Grade-9 အထိ ကျောင်းသူများကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အသက်အရွယ်အလိုက် U-12/U-13 အဆင့်၌ အားကစားသမား ၂၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071