Friday, April 24, 2026

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်...

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄...

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော...

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်း စဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

စက်သုံးဆီစျေး အနည်းငယ်ပြန်ကျပြီး 92 တစ်လီတာလျှင်...

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများ ကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အနည်းငယ် ပြန်ကျသွားသည်။ ယနေ့ (ဧပြီ ၂၄) စက်သုံးဆီရည်ညွှန်းစျေး၌ ယခင်တစ်ပတ်ထက် ဓာတ်ဆီ...
HomeEntertainmentBusinessပိုးထည် ဆိုင်ဖွင့်လှစ်ကြမယ့် စိုးညီအစ်မများ

ပိုးထည် ဆိုင်ဖွင့်လှစ်ကြမယ့် စိုးညီအစ်မများ

အနုပညာရှင်များဖြစ်ကြတဲ့ စိုး မြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မများက အောက်တိုဘာလမှာ ရန်ကုန်မြို့ အင်းယားမြိုင်လမ်းမှာ ပိုးထည်ဆိုင် ဖွင့်လှစ်တော့မှာပါ။ ညီအစ်မတွေ စုပြီး ပိုးထည်ဆိုင်ဖွင့်လှစ် ဖြစ်ပုံကို စန္ဒီမြင့်လွင်က …

“မဒါကတော့ ကျွမ်းကျင်တဲ့ သူ ဆိုတော့ အရင်တုန်းက အတွေ့အကြုံ ရှိဖူးတယ်။ စီးပွားရေးလုပ်ချင်တယ် ဆိုပြီး စကားစရင်းစရင်းနဲ့ မကြီးက လည်း ဝါသနာပါတယ်။ မိန်းမတွေ ဆိုတော့ ဒီအလုပ်က ကိုယ်တွေနဲ့ လည်း မစိမ်းဘူးပေါ့။ အကုန်လုံး ကလည်း ဝါသနာပါကြတော့ လုပ်ကြ မယ်ဆိုပြီး တိုင်ပင်ပြီး မိသားစုစီး ပွားရေးအနေနဲ့ လုပ်ဖြစ်တာပါ” လို့ ပြောပါတယ်။

အရင်က ကိုယ့်စီးပွား ရေးသာ ကိုယ်လုပ်ဖြစ်ကြပေမယ့် အခုလို ညီအစ်မ လေးယောက်ပေါင်း ပြီး စီးပွားရေးလုပ်ဖြစ်တဲ့အတွက် ပိုပြီးအားရှိစေတယ်လို့ ဆိုတဲ့ စန္ဒီမြင့် လွင်က…

“ညီအစ်မတွေ အလုပ်အတူတူ လုပ်ရတော့ ပျော်တာပေါ့။ အဓိက တော့ ပိုးထည်ဆိုင်ကို အောင်မြင် အောင် မိသားစုစီးပွားရေးဖြစ်အောင် လုပ်ဖို့ စဉ်းစားထားပါတယ်။ ဖွင့်ပွဲကို လည်း ခမ်းခမ်းနားနားလေးဖြစ် အောင် လုပ်သွားကြမယ်လို့ တိုင်ပင် ထားပါတယ်။ ညီအစ်မ လေးယောက် ဆိုတော့ ပိုပြီးအားရှိတာပေါ့။ အကုန် လုံးက အနုပညာသမားတွေပဲ ဆို တော့ မိသားစုတွေလည်း ဖြစ်တယ် ဆိုတော့ အလုပ်လုပ်ရတာ ပိုပြီး အင် အားတောင့်တာပေါ့” လို့ ပြောပါ တယ်။

ပိုးထည်ဆိုင်နာမည်ကိုတော့ စိုးမြတ်သူဇာက ပေးထားတာဖြစ်ပြီး မှတ်ပုံတင်ထားဆဲပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ ညီအစ်မလေးယောက် အရင်တုန်းက ရုပ်ရှင်တွေလည်း အ တူတူ ရိုက်ကူးခဲ့ဖူးပြီး အခုနောက် ပိုင်းမှာလည်း ညီအစ်မတွေ ရုပ်ရှင် ရိုက်ကူးဖို့အတွက် စီစဉ်နေကြတယ် လို့ ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၂၈၅ ကျပ်ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်အပတ်က စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆၉၈၅ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၆၄၀၀...

လှိုင်သာယာမြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အ စောပိုင်းက ဆိုင်ခန်းမီးလေ_ာင်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့ ဧပြီ ၂၄ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၈ မိနစ်ခန့်က ဆိုင််ခန်းမီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက် ၊ ကျန်စစ်သားလမ်းမပေါ်တွင် ဆိုင်ခန်းမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နံနက် ၃ နာရီ ၄၆ မိနစ်၌မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူ များကစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကိုပြန်လည်ဆောင်ရွက်မည်

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်း စဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ(NSPNC)အဖွဲ့ဝင်များ ဧပြီ ၂၃ ရက်ကတွေ့ဆုံ၍ လုပ်ငန်းစဉ်များဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ညှိနှိုင်းရေးကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်(၇)ဖွဲ့၊ NCA လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်(၃)ဖွဲ့တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။ " အရင် NCA...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071