မန္တလေးငလျင်ကြီးကြောင့် ပြတ်တောက်သွားသည့် အင်တာနက်ချိတ်ဆက်မှု ပြန်လည်ကောင်းမွန်လာသည့်အတွက် ပို့ကုန်လိုင်စင်များ ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ကြေညာထားသည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်လိုင်စင်များကို Myanmar Tradenet 2.0 ဖြင့် ခွင့်ပြုနေရာမှ အင်အားပြင်းငလျင်ကြောင့် အင်တာနက်ချိတ်ဆက်မှု စနစ်တွေများ ပြတ်တောက်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ကာလအတွင်း ပို့ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်မှ (၃၀)ရက်အထိ ပို့ကုန်လိုင်စင်လျှောက်ထားရန် မလိုကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။
ယခုအခါ အင်တာနက်ချိတ်ဆက်မှုပြန်လည်ကောင်းမွန်လာပြီဖြစ်သည့်အတွက် ပို့ကုန်လုပ်ငန်းအားလုံး ပုံမှန်အတိုင်း Automatic Licensing နှင့် Non-Automatic Licensing စနစ်တို့ဖြင့် လျှောက်ထားရယူပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
