Wednesday, May 6, 2026

(၂၀) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ...

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီးနောက်...

ကူမင်းတွင် ကျင်းပမည့် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသို့...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Dianchi International Convention and Exhibition Centre တွင် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ...

ထိုင်းနိုင်ငံရှိ နစ်နာသူများအား ကူညီပေးရာတွင် အကောင်းဆုံးပူးပေါင်းဆောင်...

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပါအဝင် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုရရှိအောင် အဖက်ဖက်မှကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံး၏ ကြိုးပမ်းအားထုတ်မှုကို ထိုင်းအစိုးရက အသိ အမှတ်ပြုကာ" ထူးချွန်အဖွဲ့အစည်း"(Excellent Organization)...

တရုတ်နိုင်ငံမှထွက်ရှိပြီး မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးပြောင်းများကို မြန်မာနိုင်ငံ၌စမ်းသပ်စိုက်ပျိုးနေ

မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီသည့် တရုတ်နိုင်ငံမှထွက်ရှိသော စိုက်ပျိုးရေးပြောင်းများကို တရုတ်နိုင်ငံ၊ ဟူပေခန်းနောင်းမျိုးစေ့ကုမ္ပဏီက မြန်မာနိုင်ငံတွင်စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဟူပေခန်းနောင်းမျိုးစေ့ကုမ္ပဏီက အဓိကပြောင်းမျိုး စေ့များဖြစ်သော KN 909၊KN8 , KN919...
HomeNewsLocal Newsပါဝါ အိတ်ဇောတပ်ဆင်ထားသည့် ယာဉ်များအားလုံးကို...

ပါဝါ အိတ်ဇောတပ်ဆင်ထားသည့် ယာဉ်များအားလုံးကို ဒီဇင်ဘာမှ စတင်၍ ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအနေဖြင့် ပါဝါ အိတ်ဇောတပ်ဆင်ထားသည့် အိမ်စီးကား၊ ပြိုင်ကား၊ မော်တော်ဆိုင်ကယ်များကို ဒီဇင်ဘာမှ စတင်၍ ပြင်းထန်စွာအရေးယူအပြစ်ပေးသွားမည်ဟု အသိပေးထားသည်။

အသိပေးချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသွားလာသည့် လမ်းများပေါ်၌ ပါဝါ အိတ်ဇောတပ်ဆင်ထားသည့် အိမ်စီးကား၊ ပြိုင်ကားနှင့် မော်တော်ဆိုင်ကယ်များ မောင်းနှင်သွားလာနေကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အဆိုပါပြစ်မှုကျူးလွန်သူကို တစ်လထက်မပိုသော ထောင်ဒ-ဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒ-ဏ်ဖြစ်စေ၊ ဒ-ဏ်နှစ်ရပ်လုံးကိုဖြစ်စေချမှတ်မည်ဟု ဖော်ပြထားသည်။

ထိုနည်းတူ နောက်တစ်ကြိမ်ထပ်မံကျူးလွန်ပါက သုံးလထက်မပိုသည့် ထောင်ဒ-ဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသည့် ငွေဒ-ဏ်ဖြစ်စေ၊ ဒ-ဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒ-ဏ်ချမှတ်မည်ဟုလည်း ဖော်ပြထားသည်။

ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးပူးပေါင်းအဖွဲ့များအနေဖြင့် ၂ဝ၂၅ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလလယ်အထိ ပါ ဝါ အိပ်ဇောတပ်ဆင်ထားသည့် ပြိုင်ကား(၇) စီး၊ လူစီးယာဉ် (၇၁)စီး၊ မော်တော်ဆိုင်ကယ် (၂)စီး၊ စုစု ပေါင်း(၈ဝ)စီးကို ဖမ်းဆီး၊ ဒ-ဏ်ရိုက်၊ လိုင်စင်ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထိုနည်းတူ ပါဝါအိတ်ဇောရောင်းချသည့် ဆိုင်များ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးသည့် ဝပ်ရှော့များကိုပါ သက်ဆိုင်ရာဌာနများ၏ ဥပဒေအရ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြအသိပေးထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၂၀) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ ကျင်းပမည့်နေရာအား ဒု-ဝန်ကြီး ဦးညီညီ ကြည့်ရှုစစ်ဆေး

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ယနေ့နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကာ မကြာမီကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကာယဗလပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ယခုလ မေ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးနှင့်အတူ ဝန်ကြီးရုံးလက်ထောက်အတွင်းဝန် ဦးထွန်းသန့်တို့သည် ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ...

ကူမင်းတွင် ကျင်းပမည့် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်နိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Dianchi International Convention and Exhibition Centre တွင် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ (China-South Asia Expo – CSAE) နှင့် အကြိမ် (၃၀) မြောက် ကူမင်းပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ (Kunming Fair) သို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming...

ထိုင်းနိုင်ငံရှိ နစ်နာသူများအား ကူညီပေးရာတွင် အကောင်းဆုံးပူးပေါင်းဆောင် ရွက်သည့် “ထူးချွန်အဖွဲ့အစည်း” ဆုကို မြန်မာသံရုံး ရရှိ

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပါအဝင် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုရရှိအောင် အဖက်ဖက်မှကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံး၏ ကြိုးပမ်းအားထုတ်မှုကို ထိုင်းအစိုးရက အသိ အမှတ်ပြုကာ" ထူးချွန်အဖွဲ့အစည်း"(Excellent Organization) ဂုဏ်ထူး ဆောင်ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယနေ့ မေ (၆) ရက်တွင် နွန်ထဘူရီခရိုင်ရှိ IMPACT FORUM ၌ ထိုင်းတရားရေးဝန် ကြီးဌာနမှ ကြီးမှူးကျင်းပသည့် “နစ်နာသူ များအား လျင်မြန်၊ လွှမ်းခြုံ၍ မျှတစွာ ကူညီစောင့်ရှောက်ပေးခြင်း (၂၄) နှစ်တာ ခရီးစဉ်” အမျိုးသားအဆင့် အခမ်းအနားတစ်ခုလည်းဖြစ်သည်။ အဆိုပါ ချီးမြှင်ပွဲအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071