Friday, May 23, 2025

YBS ကားများပေါ်တွင်အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၅)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော ခရီးသည်တင် YBS ကားများပေါ်တွင် အုပ်စုဖွဲ့၍ခါးပိုက်နှိုက်မှုကျူးလွန်သူ(၅)ဦးကို ရဲတပ်ဖွဲ့ဝင်များမှ မေ ၂၁ ရက်ညနေပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၁၉ ရက်နံနက်...

မန္တလေးမြို့မှ လုယက်မှုကျူးလွန်သူ(၅)ဦးကိုဖမ်းမိ

မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့်...

မိုးသက်လေပြင်းတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏...

ယနေ့ မေ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ ထန်းတပင်မြို့နယ်၊...

ပါကစ္စတန်အသင်းနှင့် ခြေစစ်ပွဲယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှာ ယနေ့ မေ (၂၃)ရက်၌...
HomeInternationalပါကစ္စတန်ကျောက်မီးသွေးလုပ်ကွက်၌ အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ခြောက်ဦးသေဆုံးပြီး...

ပါကစ္စတန်ကျောက်မီးသွေးလုပ်ကွက်၌ အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ခြောက်ဦးသေဆုံးပြီး ငါးဦးဆေးရုံတင်ထားရ

ပါကစ္စတန်၌ ကျောက်မီးသွေးလုပ်ကွက်အတွင်း အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမားခြောက်ဦး ထက်မနည်းသေဆုံးပြီး ငါးဦးဆေးရုံတင်ထားရကြောင်းသိရှိရသည်။ ကယ်ဆယ်ရေးသမားများ၏ပြောကြားမှုအရ မိုင်းတွင်းထဲ၌အဆိုပါဓာတ်ငွေ့များပြည့်သွားသဖြင့် အလုပ်သမားများသေဆုံးရခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါဓာတ်ငွေ့များထွက်လာပြီးပိတ်မိနေချိန်၌ မိုင်းတွင်းထဲတွင်လုပ်သား ၁၁,၀၀၀ ရှိနေကြောင်းသိရသည်။အပြင်မှအခြားလုပ်သားများက ကယ်ဆယ်ရေးသမားများကိုဆက်သွယ်ကာ ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များကိုကယ်တင်ရန်လည်း အကောင်းဆုံးကြိုးစားခဲ့ကြသည်ဟုသိရသည်။

သို့သော်ဓာတ်ငွေ့များကအဆမတန်ပြည့်နေသဖြင့် အကောင်းဆုံးကြိုးစားခဲ့ကြသော်လည်း လုပ်သားခြောက်ဦးသေဆုံးကာ ငါးဦးကို သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ဆေးကုသမှုခံယူရန်ပို့ထားရသည်ဟုဆိုသည်။

ယခုကဲ့သို့ ဖြစ်ရပ်များသည် ပါကစ္စတန်အတွက်မထူးဆန်းတော့ဟုလည်း နိုင်ငံ၏မိုင်းလုပ်သားအဖွဲ့ကပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် လုံခြုံမှုရှိသည့်လုပ်ငန်းခွင်ကို အစိုးရနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များအား အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မည်သို့မျှစီစဉ်ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလုပ်သမားများသည် အန္တရာယ်ရှိသည့်လုပ်ငန်းခွင်အတွင်း၌သာ ဆက်လက်လုပ်ကိုင်နေရသည်ဟုဆိုခဲ့သည်။

လုပ်ငန်းခွင်ဘေးကင်းရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းမရှိပဲ မတော်တဆဖြစ်သည့်အချိန်မှသာ လျော်ကြေးလေးမဖြစ်စလောက်နှင့်ကျေနပ်ခဲ့ရပြီး ထုံးစံအတိုင်းပြန်ဖြစ်သွားနေကြပင်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YBS ကားများပေါ်တွင်အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၅)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော ခရီးသည်တင် YBS ကားများပေါ်တွင် အုပ်စုဖွဲ့၍ခါးပိုက်နှိုက်မှုကျူးလွန်သူ(၅)ဦးကို ရဲတပ်ဖွဲ့ဝင်များမှ မေ ၂၁ ရက်ညနေပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၁၉ ရက်နံနက် ၈ နာရီခန့်က ရန်ကုန် တိုင်း၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်နေ ဦးစောလယ်ထူးကျော်(၄၅)နှစ်နှင့် သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူး(၁၉)နှစ်တို့သည် လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းမှတ်တိုင်မှ YBS-58 ဖြင့်လိုက်ပါလာစဥ် ပန်းဘဲတန်းမြို့နယ်၊ လမ်း(၃၀) အရောက် ဦးစောလယ်ထူးကျော်၏ ရင်ဘက်၌ထားကာလွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့အမျိုး သားတစ်ဦးကခါးပိုက်နှိုက်နေသဖြင့် ဦးစောလယ်ထူးကျော်ကတွန်းလိုက်ရာမှအချင်းများခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ခါးပိုက်နှိုက်သူအပါအဝင် ၎င်း၏ အ ပေါင်းအပါ(၅)ဦးခန့်က...

မန္တလေးမြို့မှ လုယက်မှုကျူးလွန်သူ(၅)ဦးကိုဖမ်းမိ

မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် မျိုးထွန်းနိုင်(ခ) အရှည်ကြီး(၄၆)နှစ်၊ ကျော်မျိုးသူ(ခ)အောင်ပု (၄၁)နှစ်၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ရွှေထည်ပစ္စည်းများကိုရောင်းချပေးသူ ဒေါ်ထွေးတင် (၅၃)နှစ်၊ လုယက်မှုကျူးလွန်ရာ၌ပူးပေါင်းပါဝင်သူ များဖြစ်သည့် ဇေယျာထွန်း(ခ)ဖိုးဆယ်(၂၉)နှစ်နှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်း (၂၉)နှစ်တို့အား မေ ၂၁ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ လုယက်မှုကျူးလွန်ခဲ့ကြသည့် ဖြစ်စဥ်များနှင့် ရရှိလာသည့်ရွှေထည်ပစ္စည်းများကို နဝလီရွှေဆိုင်များတွင်ရောင်းချပြီး ငွေကြေးများအားခွဲဝေသုံးစွဲခဲ့ကြောင်းတို့ကို ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဖြစ်စဉ်များတွင်လုယက်ယူဆောင်သွားခဲ့သည့်...

မိုးသက်လေပြင်းတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ တာဝါတိုင် (၂)တိုင်ပြိုလဲပျက်စီး

ယနေ့ မေ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအနီးရှိ တာဝါတိုင်အမှတ်(၉၁)နှင့် (၉၂)တို့ပြိုလဲပျက်စီးခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ ထို့ကြောင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အရေးပေါ်ထိန်းသိမ်းပြုပြင်မှုများပြုလုပ်လျက်ရှိ၍ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုလျော့ကျလျှက်ရှိကြောင်း သိရသည်။ ထိုသို့ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေချိန်၌ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအား ယာယီဝန်အားထိန်းညှိမှုများရှိနိုင်မည်ဟု YESC ကမေတ္တာ ရပ်ခံအသိပေးထားကြောင်း သိရသည်။ ထို့အတူ ယနေ့ မေ ၂၃ ရက်နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်ကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071