ဇာတ်လမ်းတွဲ သရုပ်ဆောင် မြတ်သူသူဇင်က အနုပညာအလုပ်တွေ နားနေရတဲ့ အချိန်မှာ သူမရရှိထားတဲ့ အနုပညာငွေလေးတွေ နဲ့ သူမကို အနုပညာ နဲ့ပတ်သက်ပြီး သင်ကြားပေးတဲ့ ဆရာတွေကို လိုက်ပြီး ကန်တော့ခဲ့ပါတယ်။ မကြာသေးမီ အချိန်ကလည်း သူမရဲ့ ဆရာ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ဟိန်းစိုးကို သွားရောက် ကန်တော့ခဲ့ပါတယ်။
မြညိုဆိုတဲ့ ဇာတ်ကောင်လေးမှာ ပရိသတ် ရင်ထဲရောက်အောင် လုပ်ပေးဖြစ်ခဲ့တဲ့ ဆရာ့ ကိုကျေးဇူးတင်ကြောင်းကို သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာ အခုလိုပဲရေးသားခဲ့ပါတယ်။
“ မြညိုဆိုတဲ့ ဇာတ်ကောင်တခု အနေနဲ့ကြိုးစားခွင့်ပေးပြီး မြညိုနာမည်လေး ပရိတ်သတ် ရင်ထဲရောက်အောင် သွန်သင် ဆုံးမပေးခဲ့တဲ့ ဆရာဦးဟိန်းစိုး 🙏🙏🙏
ခုထက်မက ပေးသောလက်ပဲဖြစ်ခွင့်ရပါစေ 🙏
ကိုယ့်ဝန်းကျင် အတွက် တန်ဖိုး ရှိတဲ့သူဖြစ်အောင် ကြိုးစားပါ့မယ်ရှင် 🙏
အခွေတွေကတော့ အနုပညာကို ချစ်မြတ်နိုးပြီး ဇာတ်ကားကြည့် ဝါသနာပါသူများ သိမ်းထားချင်သူများ အရင်ကားဟောင်းတွေကို အမှတ် တရ သိမ်းထားချင်သူတွေ အနေနဲ့ တကယ့် မူရင်းအခွေတွေ လိုချင်ခဲ့ရင် ကြည့်ချင်ခဲ့ရင် ဆရာ့ဆီမှာ အားပေးလို့ရပါတယ်ရှင် 😍
ဆရာ့ဖုန်းနံပါတ် လိုချင်ရင် cb မှာ လာမေးလို့ရပါတယ် 😊” လိုရေးသားထားပါတယ်။