အမေရိကန်နိုင်ငံမှာ ဒါရိုက် တာပညာနဲ့ကျောင်းပြီးလာတဲ့ မင်း သန့်မောင်မောင်က ကိုရီးယားနဲ့ မြန် မာပူးပေါင်းရိုက်ကူးမယ့် တိမ်တွေ ပေါ်ကပန်း ရုင်ရှင်ဇာတ်ကားမှာ ဖခင်ဖြစ်သူ စင်ရော်မောင်မောင်ကို ကူညီရင်း တွဲဖက်ဒါရိုက်တာအနေနဲ့ ပါဝင်ဆောင်ရွက်သွားမှာပါ။ ထာဝရ အမေ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီး နောက်မှာတော့ သူ့ရဲ့အနုပညာတွေ ကိုပါ မြင်တွေ့ရမယ် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားလို့လည်း ဆိုရမှာ ပါ။ ကိုယ်တိုင်တစ်ဦးထဲ ဒါရိုက်တာ အနေနဲ့ ဘယ်တော့မြင်တွေ့ရမလဲဆို တာကိုတော့ မင်းသန့်မောင်မောင် က. . .
”ကျွန်တော်ကတော့ အတွေ့ အကြုံ အများကြီး လိုပါသေးတယ်။ ကိုယ်တိုင်လည်း ဇာတ်ညွှန်းရေးနေ တယ်။ ရိုက်ကူးရေးလုပ်ငန်းလုပ်နေတဲ့အခါမှာလည်း နေ့တိုင်းကျွန်တော် လေ့လာနေတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက် အောင် နေ့တိုင်းကြိုးစားပြီး စဉ်းစားနေပါတယ်”လို့ ပြောပါတယ်။ အနုပညာ လောကထဲကို စတင်ဝင်ရောက်လာတဲ့အခါမှာ မိဘတွေရဲ့ ပံ့ပိုးမှုတွေကို ရရှိခဲ့ပြီး သူတို့တွေ စိတ်မပျက်အောင်လည်း အတတ်နိုင်ဆုံး ကြိုးစားနေသူပါ။ အစစအရာရာ ပံ့ပိုးပေးတဲ့ မိဘတွေကြောင့် ကံကောင်း တယ်လို့ ဆိုတဲ့ မင်းသန့်မောင်မောင်က …
”တော် တော်လေး ၀မ်းသာပါတယ်။ တော်တော်လေးကို ကံကောင်းပါတယ်။ ကျွန်တော့် ရဲ့မိဘတွေက ကျွန်တော့်ကို စိတ်ရှည်ပြီးတော့ ကျွန်တော့် ရဲ့ဆန္ဒတွေကိုလည်း ဖြည့်ပေးတယ်။ ကျွန်တော့် အမေက ကျွန်တော့်ကို အားပေးချင်တယ်။ စိတ် ဓာတ်ကျရင် ချော့ပေးတယ်”လို့ ဆိုပါတယ်။ မင်းသန့်မောင်မောင်က မိခင်ကို တအားချစ်တဲ့သားလို့ ဆိုရမှာဖြစ်ပြီး အမေကို ခေါင်းဆောင် မင်းသမီးအနေနဲ့ ရိုက်ကူးချင်တဲ့အတွက် ဇာတ် ညွှန်းရေး သားနေတယ်လို့ သိရပါတယ်။ ဒါရိုက်တာတစ် ယောက်အနေနဲ့ သူပုံဖော်ချင်တဲ့ ဇာတ်လမ်းတွေဟာ ဘယ်လို ပုံစံဖြစ် မလဲဆို တာကိုတော့ မင်းသန့် မောင်မောင်က…
”ရုပ်ရှင်ရုံထဲက ထွက်လာတဲ့အခါမှာ သူတို့ကိုတစ်ခုခုတော့ စဉ်းစားစေချင်တယ်။ ဘ၀နဲ့ပတ်သက်တာ တစ်ခုခုစဉ်း စားစေချင်တယ်။ ဒီအတိုင်းပဲ ဇာတ်ကားက မိုက်တယ်တို့ မဖြစ်စေချင်ဘူး။ ဒီထဲက အဓိကဇာတ်ကောင်က ဒီလိုမျိုး လုပ်ခဲ့တယ်။ ငါဆိုရင် ဘယ်လိုမျိုးလုပ်ခဲ့မှာလဲ။ အဲဒီလိုမျိုး ခံစားစေချင်တယ်။ ရုပ်ရှင်ကို ဖျော်ဖြေရေးအတွက်ပဲ လာ မကြည့်စေချင်ဘူး။ သင်ခန်းစာတော့ ရစေချင်ပါတယ်” လို့ ပြောပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း