မြန်မာ့ပန်းချီလောကတွင် ထင်ရှားသည့် ပန်းချီဆရာကြီးတဦးဖြစ်သည့် ဦးလွန်းကြွယ်၏ စျာပနကို ယနေ့ (အောက်တိုဘာ ၂)ရက်နေ့က ပြုလုပ်ခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက် (၉၅) နှစ် ရှိပြီဖြစ်သည်။
ဆရာကြီး၏ စျာပနာအခမ်းအနားကို ကွယ်လွန်သည့်နေ့(အောက်တိုဘာ ၂ ရက်) တွင်ပင် ရေဝေးသုသာန်၌ နေ့ချင်းပြီး ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဆရာကြီးသည် လူချစ်လူခင်ပေါများကာ တပည့်များစွာ၊ မျိုးဆက်သစ်များစွာကို ပြုစုပျိုးထောင်ပေးခဲ့သူ၊ မြန်မာ့ပန်းချီဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲအားထုတ်ကြိုးပန်းခဲ့သူဖြစ်သောကြောင့် သူကွယ်လွန်သွားခြင်းအတွက် များစွာဝမ်းနည်းကြောင်းနှင့် ဆုတောင်းစာများ လူမှုကွန်ယက်၌ ရေးသားလျက်ရှိကြသည်ကိုလည်း တွေ့ရသည်။
ဆရာကြီး ဦးလွန်းကြွယ်၏ ပန်းချီကားများကို မြန်မာနိုင်ငံအမျိုးသားပြတို-က်၊ စင်ကာပူအနုပညာပြတို-က်နှင့် မလေးရှားအမျိုးသားပန်းချီပြခန်းစသည့် အထင်ကရပြတို-က်များ၌လည်း စုဆောင်းထားလျက်ရှိသည်။
ဓာတ်ပုံ- နာရေးကူညီမှုအသင်း (ရန်ကုန်)
