မှန်းသိစအရွယ်ကတည်းက ပန်း ချီပုံတွေကိုစိတ်ဝင်စား၊ ကျောင်း နေစအရွယ်ရောက်တော့ စက္ကူပေါ် မှာ တောင်ခြစ်မြောက်ခြစ်လုပ်၊ အလယ်တန်းကျောင်းသားဘဝမှာ ဝါ တာကာလာရေဆေးဗူးဝယ်ပြီး ကိုယ် ရေးတတ်သလို တောရေးတောင်ရေး လုပ်ခဲ့ပေမယ့် အသည်းခွဲဘုရင်မ ကလေးတစ်ယောက်ရဲ့ ပယောဂ ကြောင့် လူရွယ်ဘဝရောက်တဲ့အခါ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့ရ သူကတော့ …အကျွန်ုပ်ပါ။
အကျွန်ုပ်ရဲ့ အယူအဆအားဖြင့် စာပေနဲ့အခြားအနုပညာရပ်များဟာ တစ်နည်းမဟုတ်၊ တစ်နည်းဆက်နွယ် ရောယှက်နေကြပါတယ်။ ခုခေတ်မှာ စာရေးဆရာ၊ ကဗျာဆရာ တချို့ ပန်းချီဆွဲကြရင်း ပန်းချီလောကထဲ ဝင်ရောက်နေကြပါတယ်။ (အကျွန်ုပ် ကတော့ စာပေနဲ့စီးပွားဖြစ်ဖို့ မပြော နဲ့။ ငွေကြေးစို့စို့ပို့ပို့ရဖို့တောင် မ လွယ်တာမို့ ငွေကြေး သောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်းရနိုင်တဲ့ ပန်းချီလောကထဲကို စာပေသမား တွေ ဝင်လာကြတာ။ ကလောင်တံကို ဘေးချပြီးစုတ်တံကို ပြောင်းကိုင်လာ ကြတာလို့ နောက် တီးနောက်တောက် ပြောလေ့ရှိပါတယ်။) အမှန်တော့ ပန်းချီဆရာနဲ့ စာရေးဆရာ၊ ကဗျာ ဆရာတွေဟာ အနုပညာညီအစ်ကို မောင်နှမတွေချည်းရယ်ပါ။
ဇာတ်ကြောင်းပြန်ရရင် … အကျွန်ုပ်ဟာ ကျောင်းမနေခင်အရွယ် ကတည်းက စာနယ်ဇင်းသရုပ်ဖော် ပန်းချီပုံတွေကိုကြည့်ပြီး ပန်းချီဝါသ နာ”ပိုး”အဝင်ခံခဲ့ရပါတယ်။ အကျွန်ုပ် ကလေးဘဝတုန်းက တရှိုက်မက်မက် ကြည့်မြင်ခဲ့ရပြီး ဒီနေ့အချိန်ထိ နှစ် သက်စွဲလမ်းခဲ့ရတဲ့ မဂ္ဂဇင်းဝတ္တုသရုပ် ဖော်ပုံကတော့ (ဆင်မကလေးကွန် ငိုက်) ထိုဝတ္တုကို ဆရာကြီးဦးငွေကိုင် ရေးဆွဲသရုပ်ဖော်ထားတဲ့ ဆေးရောင် စုံပန်းချီပုံပါပဲ။ ဆင်မကလေးကွန်ငိုက် က သူ့ကျေးဇူးရှင်။ ပက်လက်လဲနေ ရှာတဲ့ အဘွားကြီးရဲ့ ဝမ်းဗိုက်ပေါ်ကို နှာမောင်းနဲ့တို့ထိပြီး အားပေးပြုစုနေ ပုံကို ဆရာကြီးဦးငွေကိုင်က ဓာတ်ပုံ ရှုံးအောင် လက်စွမ်းပြထားပါတယ်။ အဲသည်တုန်းက …အကျွန်ုပ်အ ကြိုက်ဆုံး သရုပ်ဖော်ပန်းချီဆရာများ ကတော့ ဦးစန်းလွင်၊ မောင်ငွေထွန်း နဲ့ ဦးငွေကိုင်တို့ပါ။ (ခုခေတ်ပန်းချီ ဆရာတွေဟာ အထက်ဖော်ပြပါ ဆရာကြီးများလောက် မနေူငျာ ကို မပိုင်မနိုင်ကြတော့ဘူးလို့ ထင်တယ်။ ဟဲဟဲ လွန်တာရှိ ဝန္ဒာမိပါဗျ။ ဆရာ ကြီးဦးဘရင်ကလေးရဲ့ မဂ္ဂဇင်းသရုပ် ဖော်ပုံတွေကိုလည်း အကျွန်ုပ်ကူးဆွဲ တတ်ပါတယ်။
သည်လိုနဲ့ ရန်ကုန်ဟာမစ်တစ် ရပ်ကွက်တုန်းကလည်း အိမ်နီးချင်း မြောက်ဥက္ကလာပမြို့သစ်ကို ပြောင်း ရွှေ့လာကြတော့လည်း အိမ်နီးချင်း ဖြစ်ခဲ့ကြတဲ့ အကျွန်ုပ်၏ နောင်ကြီး အရွယ် ကိုအုန်းမြိုင် (ပန်းချီဆရာဘွဲ့ လူသားမိုးညို)က ပန်းချီးပန်းပုအနု ပညာကျောင်းကို တတ်ပါတယ်။ အကျွန်ုပ်ကတော့ (၃) တန်းကျောင်း သားဘဝပေါ့။ ကိုအုန်းမြိုင်ပန်းချီ ပန်းပုကျောင်းတက်နေစဉ် သူ့သူငယ် ချင်းတစ်ယောက် ကိုအုန်းမြိုင်ရဲ့ အိမ်ကို မကြာခဏလာလည်တတ် တယ်။ အသားလတ်လတ်ပိန်ရှည် ရှည်နှာခေါင်းရှည်ရှည် ဆံပင်ရှည် ရှည်နဲ့ လူငယ်တစ်ယောက် ကိုအုန်း မြိုင်က သူ့ကို ”ဟေ့ယောင် ခင်လှ” လို့ ခေါ်သလို ပိန်ရှည်ကြီးကလည်း ကိုအုန်းမြိုင်ကို ”ဟေ့ယောင် အုန်း မြိုင်”လို့ တရင်းတနှီးခေါ်တယ်။ အဲ သည် ‘ခင်လှ’ဟာ ၁၉၆၄၊ ၆၅ လောက်ကျတော့ ‘ကာတွန်းပေါက်စ မောင်ခင်လှ’ နာမည်ခံပြီး တစ်မူခြား နားတဲ့လက်ရာ ကိုယ်တိုင်ရေးဇာတ် လမ်းနဲ့ ကာတွန်းစာအုပ်တွေ ရေး ထုတ်လာပါတယ်။ တစ်ချိန်တည်းမှာ ပဲ။ ‘ခင်လှ’ဟာ ‘ဝသုန်’နာမည်နဲ့ မဂ္ဂဇင်းဝတ္တုသရုပ်ဖော်ပုံကလေးတွေ ရေးစပြုနေပါပြီ။
ကံဇာတ်ဆရာကြီးအလိုတော် အရ …အကျွန်ုပ်နဲ့ ကိုဝသုန်တို့ ဟာ နှစ်များစွာ မတွေ့မဆုံဖြစ်ကြဘဲ အနေဝေးခဲ့ကြပါတယ်။ ၁၉၇၆ လောက် အကျွန်ုပ်စာပေလောကထဲ ခြေစုံပစ်ဝင်တော့မှပဲ ကိုဝသုန်နဲ့ ပြန်ဆုံဖြစ်တာ။ အဲသည်အချိန်မှာ ကိုဝသုန်က ရှုမဝရုပ်စုံမဂ္ဂဇင်းကြီးမှာ ချစ်ဦးညိုရဲ့ ‘လင်္ကာဒီပချစ်သူ’ဝတ္တု ကို ရုပ်ပြဇာတ်လမ်းအဖြစ် လစဉ်ရေး ဆွဲဖော်ပြနေလို့ ချစ်ဦးညိုကော ကို ဝသုန်ပါ နာမည်ထင်ရှားနေကြပါပြီ။ အဲသည်ကာလတုန်းက ချစ်ဦးညို လည်း (အခုလို) သူဌေးကြီးမဖြစ် သေးပါဘူး။ ကိုဝသုန်ဆိုရင် မြောက် ဥက္ကလာ (က)ရပ်ကွက်၊ မေယုလမ်း ထဲမှာ ဝါးအိမ်သေးသေးကလေးနဲ့ နေရပါတယ်။
တစ်နေ့တော့ အသိတစ်ယောက် နဲ့အတူ အကျွန်ုပ်ဟာ ကိုဝသုန်ရဲ့ အိမ်သေးသေးကျဉ်းကျဉ်းကလေးကို အလည်ရောက်ရှိသွားခဲ့ပါတယ်။ ကို ဝသုန်က နာမည်ကျော်စ အချိန် ..၊ အကျွန်ုပ်က ထမင်းငတ်ဆေးဖော်ဖို့ ဝတ္တုတိုတွေ စမ်းသပ်ရေးသားချိန် ပေါ့။ ကိုဝသုန်ကတော့ အိမ်ထောင် ရှင်ဖြစ်ပြီး ကလေးတစ်ယောက်ရနေ ပါပြီ။
အဲသည်နေ့က ကိုဝသုန်ဧည့်ခံ ကျွေးမွေးလိုက်တဲ့ နံနက်စာထမင်း တစ်နပ်ကိုတော့ အကျွန်ုပ် ”ယနေ့ ထက်တိုင် မေ့မရနိုင်ပါတယ်”လို့ ဆို ရမှာပဲဗျ။ တကယ်တမ်းချီးကျူးရမှာ ကတော့ ကိုဝသုန်ကတော်အိမ်ရှင်မ စားဖိုမှူးကြီးကိုပါ …။ ”ဖိုးနည်းဝန် ပါ”ဆိုတဲ့ စကားလို နည်းနည်းနဲ့ ကျဲ ကျဲဝိုင်းထားတဲ့ ထမင်းပွဲဖြစ်ပေမယ့် အတွဲညီ အစပ်အဟပ်ကောင်းလှပါ ရဲ့။ ကုလားပဲဟင်းချိုနဲ့ အမဲသားဆီ ပြန်ဟင်းခင်ဗျ။ အကျွန်ုပ်တော့ မြိန် ယှက်ရုံသာမက လျှာလည်ပြီး လျှာ ပြတ်ထွက်မသွားအောင် ကိုယ့်လျှာ ကိုယ်ထိန်းထားရတဲ့အထိပါပဲဗျို့။
မကြာခင်မှာပဲ ကိုဝသုန်ဟာ မြောက်ဥက္ကလာပကနေ တောင်ဥက္က လာပလမ်းမကြီးတစ်ခုကို မျက်နှာမူ ထားတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံး ကို ပြောင်းရွှေ့သွားပါတယ်။ အည တရပန်းချီဆရာတစ်ယောက် အနု ပညာတန်ခိုးတော်ကြောင့် တဲကနေ တိုက်ပေါ်ရောက်သွားတဲ့ အောင်မြင် ရေးဇာတ်လမ်းပါပဲ။
ကိုဝသုန်ဟာ ပန်းချီကားတွေ ရေးပြီး ဇိမ်နဲ့နေနိုင်ပေမယ့် မဂ္ဂဇင်း သရုပ်ဖော်ပန်းချီ၊ ဝတ္တုမျက်နှာဖုံးပန်း ချီတွေကိုလည်း မစွန့်လွှတ်ဘဲ လက် စွမ်းပြမြဲပြနေတာပဲ။ မဂ္ဂဇင်းတိုက် တွေကို ရောက်တဲ့အခါသူက ”ရွေး ထားတဲ့ ဝတ္တုစာမူတွေထဲမှာ ကြူး နှစ်ရဲ့ ဝတ္တုရှိသလား၊ ရှိရင် ကျုပ်ကို ပေး ကြူးနှစ်ဝတ္တုကို ကျုပ်ပုံရေးမယ်” ဆိုပြီး တောင်းယူလေ့ရှိသဗျ။ ဒါ့အ ပြင် ကြူးနှစ်ရဲ့ ဝတ္တုအတွက် သူရေး ထားတဲ့ သရုပ်ဖော်ပုံဘေးမှာသူက ”မင်းဝတ္တုအတွက် ငါပုံကောင်း ကောင်းရေးပေးလိုက်တယ်”လို့ ခဲတံ နဲ့ မှတ်ချက်ရေးလွှတ်လိုက်သေးတာ။ အကျွန်ုပ်ရဲ့ ဝတ္တုတိုတွေကို သရုပ် ဖော်ရာမှာ ကိုဝသုန်က (ခွဖောင်) မျက်နှာချင်းဆိုင် စာမျက်နှာ နှစ်ခု သုံးပြီး အားရပါးရရေးတာချည်းပဲ။ သူကိုယ်တိုင်လည်း ဝတ္တုတိုကောင်း တွေ ရေးတတ်တော့ ဝတ္တုတို ဆရာ အပေါ် လေးစားသမျှရှိတတ်တာလို့ အကျွန်ုပ်ထင်ပါတယ်။
တစ်နေ့တော့ ရန်ကုန်မြို့လယ် ကောင်မှာ ကိုဝသုန်နဲ့ဆုံပါလေရော။ သူက ‘နည်းနည်းထွေ’နေပြီး ဘယ် ညာလက်ကောက်ဝတ်နှစ်ဘက်စလုံး အသားနီလန်ပြီး သွေးခြင်းခြင်းရဲလို့။
”ခင်ဗျားလက်တွေ ဘာဖြစ်တာ တုန်းဗျ”လို့ အကျွန်ုပ်ကမေးတော့ သူက ဆဲရေးတိုင်းထွာပြီး …
”ဟိုအကောင်တွေ လက်ချက် ပေါ့။ ဟိုအကောင်တွေ ငါ့ကိုဖမ်းပြီး အုန်းဆံကြိုးနဲ့ တုပ်တာလေ”လို့ပြော တယ်။ (ဟိုအကောင်တွေ)ဆိုတာက အဲသည်ခေတ်က အရပ်လူကြီးတွေကို ညွှန်းတာပါ။
ဘယ်ဟုတ်ရမှာလဲဗျာ။ နောက် မှသိရတာက သူ့လက်တွေကို သူ့ဘာ သာကြိုးနဲ့ချည်ပြီး၊ ကြိုးပြတ်အောင် ရုန်းတော့ အရေပြားတွေပွန်းပဲ့ထွက်၊ အသားနီလန်ကုန်တာပါတဲ့။ တော် တော်နောက်တဲ့ ပန်းချီဆရာဗျာ …အသားအနာခံပြီး နောက်ရ တယ် …လို့။
မြောက်ဥက္ကလာပမှာနေတုန်း က ကိုဝသုန့်အိမ်ကလေးရဲ့ ဧည့်ခန်း နံရံမှာ သတိပေးဆိုင်းဘုတ်ကလေး ကပ်ထားတယ်။
အရက်နွံမှာ ကျွန်ဖြစ်နေသူများ မလာရ။
အဲသဟာလည်း အရက်အလွန် ကြိုက်တဲ့ ပန်းချီဆရာရဲ့ ပြောင် မြောက်တဲ့ ဟာသတစ်ပုဒ်မဟုတ် လားဗျာ။ ။
ကြူးနှစ်