Friday, June 12, 2026

သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း(၇၂၀)တန်ဖိုးရှိ မျက်စိရေချိန်တိုင်းစက်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံ၌အသုံးပြုနိုင်ရန် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း(၇၂၀)တန်ဖိုးရှိ မျက်စိရေချိန်တိုင်းစက်(၁)လုံးကို ယနေ့ ဇွန် ၁၂ ရက်ကလှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် အခမဲ့ကုသမှုများပြုလုပ်ပေးလျက်ရှိသည့် သီ...

အမေရိကန် National Mall မြက်ခင်းပြင်မှာ...

ဝါရှင်တန်ဒီစီက National Mall မြက်ခင်းပြင်မှာ 8-6-4-7 ဂဏန်းတွေကို အကြီးကြီး ရေးဆွဲထားတဲ့ ကိစ္စကို အမေရိကန်ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။ "Eighty-six (86)" ဆိုတာက...

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့်...

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက် SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့...

ကမ္ဘောဒီးယား၏အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှိမ်နင်းမှုချီးကျူးခံရ

ဇွန်လ ၁၂ ရက် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ပူးတွဲဒုတိယညွှန်ကြားရေးမှူး အင်ဒရူး ဘေလီ က ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုဗဟိုချက်များကို နှိမ်နင်းရန်...
HomeNewsLocal News"ပထမအကြိမ်မြောက် ငှက်ကြည့်ခြင်းသင်တန်း" ကို...

“ပထမအကြိမ်မြောက် ငှက်ကြည့်ခြင်းသင်တန်း” ကို ဇွန်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်မည်

သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှ ကြီးမှူး၍ ငှက်ဝါသနာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအတွက် ရည်ရွယ်ကာ “ပထမအကြိမ်မြောက် ငှက်ကြည့်ခြင်းသင်တန်း (Bird Watching Course)” ကို လာမည့် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် FREDA အသင်း၏ ဗဟိုကော်မတီဝင် ဝါရင့်ပညာရှင် ဆရာဒေါက်တာသိန်းအောင် ကိုယ်တိုင် အနီးကပ်သင်ကြားပြသပေးမည်ဖြစ်ပြီး၊ ငှက်မျိုးစိတ်များအကြောင်းကို စနစ်တကျနှင့် ပျော်ရွှင်စွာ လေ့လာနိုင်ရန် စာတွေ့သင်ခန်းစာများအပြင် လက်တွေ့ကွင်းဆင်းလေ့လာခြင်း (Field Trip) ခရီးစဉ်များကိုပါ ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။

စာတွေ့သင်တန်းကို လာမည့် ဇွန်လ ၂၇ ရက်၊ ၂၈ ရက်နှင့် ဇူလိုင်လ ၄ ရက်၊ ၅ ရက် (စနေ၊ တနင်္ဂနွေနေ့များ) တွင် ညနေ ၇ နာရီမှ ည ၉:နာရီအထိ Zoom Online စနစ်ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်သည်။

လက်တွေ့ကွင်းဆင်းလေ့လာခြင်း (Field Trip) အဖြစ် ဇူလိုင်လ ဒုတိယပတ်အတွင်း လှော်ကားသဘာဝဥယျာဉ်နှင့် တိုင်းရင်းသားကျေးရွာများသို့ နေ့ချင်းပြန် (၂) ရက် ခရီးစဉ်အဖြစ် သွားရောက်ရန် လျာထားပြီး၊ အသင်းမှ နေ့လည်စာ ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းကြေးအဖြစ် တစ်ဦးကို ကျပ် နှစ်သိန်း သတ်မှတ်ထားပြီး စာရင်းပေးသွင်းနိုင်ပြီးဖြစ်ပြီး စာရင်းပေးသွင်းပြီးသူများအတွက် သင်တန်းမစတင်မီ (၅) ရက်အလိုတွင် Zoom Meeting ID နှင့် Passcode တို့ကို ကြိုတင်ပေးပို့သွားမည်ဖြစ်ကြောင်း FREDA အသင်းထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း(၇၂၀)တန်ဖိုးရှိ မျက်စိရေချိန်တိုင်းစက်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံ၌အသုံးပြုနိုင်ရန် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း(၇၂၀)တန်ဖိုးရှိ မျက်စိရေချိန်တိုင်းစက်(၁)လုံးကို ယနေ့ ဇွန် ၁၂ ရက်ကလှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် အခမဲ့ကုသမှုများပြုလုပ်ပေးလျက်ရှိသည့် သီ တဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၈)ကြိမ်မြောက်မျက် စိအလှူတွင်လည်း မျက်စိဝေဒနာရှင်(၁,၂၅၀)ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ကာ ခွဲစိတ်ကုသရန်လိုအပ်သူ များကိုလည်း အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

အမေရိကန် National Mall မြက်ခင်းပြင်မှာ ‘8647’ လို့ ရေးထားတာကို ရဲတွေ စုံစမ်းစစ်ဆေးနေ

ဝါရှင်တန်ဒီစီက National Mall မြက်ခင်းပြင်မှာ 8-6-4-7 ဂဏန်းတွေကို အကြီးကြီး ရေးဆွဲထားတဲ့ ကိစ္စကို အမေရိကန်ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။ "Eighty-six (86)" ဆိုတာက "ဖယ်ရှားပစ်တာ" ကို ဆိုလိုတဲ့ ဗန်းစကားတစ်ခုပါ။ ဒီဂဏန်းတွေဟာ 47 ဆက်မြောက် သမ္မတဖြစ်တဲ့ ထရမ့်ကို အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ သဘောမျိုးဖြစ်တယ်လို့ ထရမ့်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကြာသပတေးနေ့ မနက် ၁၁:၃၀ လောက်မှာ "အများပြည်သူပိုင်နေရာ ဖျက်ဆီးခံရတယ်ဆိုတဲ့ တိုင်ကြားချက်အရ သွားရောက်စစ်ဆေးခဲ့တယ်" လို့ US Park Police...

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့် Nasdaqစျေးကွက်တွင်စတင်ရောင်းချမည်

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက် SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့ ကနဦးစတော့ရှယ်ယာ မိတ်ဆက်ရောင်းချမှု (IPO) တွင် ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၃၅ နှုန်းဖြင့် စျေးနှုန်းသတ်မှတ်ခဲ့ပြီး ရှယ်ယာပေါင်း ၅၅၅.၅၆ သန်းခန့်ကို ရောင်းချခြင်းဖြင့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၅ ဘီလျံအထိ ရှာဖွေစုဆောင်းနိုင်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အစီရင်ခံစာများအရ အဆိုပါ IPO စျေးနှုန်းသတ်မှတ်ချက်သည် ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071