Myanmar Idol Season 2 မှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရဲနောင်က သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီး ‘ချာလီ’ ကို အောက်တို ဘာလ ၁ ရက်နေ့က ပရိသတ်ကြီး လက်ထဲကို အရောက်ပို့လိုက်ပြီဖြစ်ပါ တယ်။ တေးစီးရီးခွေထဲမှာ အိပ်ရာ ဝင်တေး အေးအေးလေးတွေ၊ စိတ် ဓာတ်ကျနေတဲ့အချိန် နားထောင်လို့ ရမယ့် သီချင်းလေးတွေအပြင် အချစ် သီချင်းလေးတွေပါ စုစုပေါင်း၁ဝ ပုဒ် ပါဝင်ပြီး ရဲနောင်ကိုယ်တိုင် ရေးစပ် ထားတဲ့ တေးသီချင်း ၈ ပုဒ်ပါဝင်ပါ တယ်။ ဒီတေးစီးရီးခွေအတွက် ပရို မိုးရှင်းအစီအစဉ်တွေနဲ့ပတ်သက်ပြီး ရဲနောင်က…
”ပရိုမိုး ရှင်းကို ကျွန်တော့် ဇာတိမြေ ဖြစ်တဲ့ မအူပင်မှာ လုပ်မယ် လို့ ကျွန်တော် ဟိုးအရင် အဆိုတော် မဖြစ်ခင်က တည်းက စဉ်းစားထားတာ ပါ။ မအူပင်မှာ ပရိုမိုးရှင်း လုပ်မယ်။ ပြီးတော့ ရန်ကုန် မှာလည်း လှည်းတန်းမှာ အောက်တိုဘာ ၁၄ ရက်နေ့ မှာ ကျွန်တော့်အနုပညာ ညီ အစ်ကိုမောင်နှမတွေနဲ့ ပရိုမိုးရှင်း လုပ်သွားမှာပါ” လို့ ပြောပြပါတယ်။
ဒီတေးစီးရီးနဲ့ ပတ်သက် ပြီး ပရိသတ်တွေရဲ့ ဝေဖန် အကြံပေးမှုတွေကို မျှော်လင့် နေတဲ့ ရဲနောင်က…
”ကျွန် တော့်သီချင်းပုံစံလေးတွေက မြို့ ကြိုက်ထက် နယ်ကြိုက်ပို များတယ်။ ကျွန်တော့်ပုံစံက လည်း နယ်ရုပ်ထွက်နေတော့ နယ် ဘက်က ကျွန်တော့်ကို ပိုအားပေးကြ တယ်။ ကျွန်တော့်သီချင်းကို ဘယ်လို ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် နားထောင်မယ့် သူငယ်ချင်းမိတ်ဆွေတွေ၊ ပရိသတ် တွေအနေနဲ့ ဘယ်လိုရသမျိုးခံစားရ လဲဆိုတာ ဝေဖန်အကြံ ပြုပေးကြပါ။ ကောင်းရင်ကောင်းတယ်၊ မကောင်း ရင် မကောင်းဘူးပြောပေးပါ။ ပရိ သတ်ကြီး ဝေဖန်အကြံပြုတာကို နား ထောင်ချင်ပါတယ်” လို့လည်း ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ- အောင်ဇော်မင်း