Wednesday, June 24, 2026

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ "ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ...

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က...

မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံသို့ဟွန်ဆန် သွားမည်

ဇွန် ၂၄ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက် နေ့မှ...
HomeNewsLocal Newsပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတို-က်ကျွေးခြင်းများ...

ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတို-က်ကျွေးခြင်းများ အားဖြည့်ဆောင်ရွက်နေ

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ (၂၅) ခု ပြန်လည်ဖွင့်လှစ်ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပြန်လည်အားဖြည့်ဆောင်ရွက်ရန်အတွက် Big Catch-up၊ Routine Catch-up နည်းလမ်းများဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက် (၁၅) နှစ်အောက်ကလေးများအား လိုအပ်သောကာကွယ်ဆေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတို-က်ကျွေးရေးလုပ်ငန်းများ (Special Immunization Activities)၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဇူလိုင် (၂၅) ရက်မှ စက်တင်ဘာ (၁၅) ရက်အထိ ကျောင်းပေါင်း (၈၈) ကျောင်းနှင့် ကျောင်းသားပေါင်း (၁၃,၅၂၆) ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတိုင်းရင်းသားပြည်သူစုစုပေါင်း (၃,၁၁၃)ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ကာကွယ်ဆေးထိုးနှံတို-က်ကျွေးခြင်းလုပ်ငန်း ပြန်လည်အားဖြည့်ဆောင်ရွက်လျက်ရှိပြီး အသက် (၅) နှစ်အောက် ကလေးငယ်များအား (၅)မျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး၊ ထိုးဆေး) များကိုလည်းကောင်း၊ အသက် (၅) နှစ်မှ (၇) နှစ်အရွယ်ကလေးများအား ဆုံဆို့-မေးခိုင် ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) များကိုလည်းကောင်း၊ အသက် (၇) နှစ်မှ (၁၅) နှစ်အရွယ် ကလေးများအား မေးခိုင်-ဆုံဆို့ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများလည်းကောင်း ထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင် (၂၅) ရက်မှ စက်တင်ဘာ (၁၅) ရက်အထိ ကလေးစုစုပေါင်း (၁၆,၄၈၄) ဦးအား လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတို-က်ကျွေးပေးနိုင်ခဲ့ကြောင်း သိရသ ည်။

အလားတူ ဇူလိုင် (၂၀) ရက်က မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးပြီး မြို့နယ်ပြည်သူ့ဆေးရုံကို ဩဂုတ် (၂) ရက်က ပြန်လည်ဖွင့်လှစ်ကာ စက်တင်ဘာ (၁၅)ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ပြင်ပလူနာ (၃,၅၉၅) ဦးနှင့် အတွင်းလူနာ (၄၂၁) ဦးအား လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ "ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ အများကြီး ထိုးကျသွားတာနဲ့အမျှ ဆီဆိုင်တွေမှာ ရောင်းတဲ့ဈေးကို လိုက်မချပေးကြဘူး။ <…> ဒါနဲ့ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ စလုပ်ဖို့ တရားရေးဌာန (DOJ) ကို ကျွန်တော် ညွှန်ကြားထားပါတယ်" လို့ အမေရိကန်ခေါင်းဆောင်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီမတိုင်ခင် အစောပိုင်းတုန်းကလည်း ဇွန်လ ၂၂ ရက်နေ့မှာ...

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်မီ လုံခြုံရေးအခြေအနေများကို တင်းကျပ်စေရန် ရည်ရွယ်၍ ဒါကာမြို့နှင့် အခြားခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များချထားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုများကြောင့် ရှိတ်ဟာစီနာ အာဏာမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်ကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သော်လည်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် ဘရစ် အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးအကြံပေးများနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ၏ ၁၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန်အတွက် နူးဒေလီတွင် ရောက်ရှိနေသည်။ မေလတွင် ချမှတ်ခဲ့သော နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် နှစ်ခုကို ပြန်လည်အမှတ်ရကာ တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071