Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsပညာ ဆက်လက်သင်ကြားဖို့အတွက် ဇန်န၀ါရီလကုန်မှာ...

ပညာ ဆက်လက်သင်ကြားဖို့အတွက် ဇန်န၀ါရီလကုန်မှာ သြစတြေးလျနိုင်ငံမှာ ကျောင်းဆက်တက်ကြမယ့် ထက်ဦးလှိုင်နဲ့ ယွန်းဝတီလွင်မိုး တို့ ဇနီးမောင်နှံ

ရန်ကုန်မြို့နေ ဦးမောင်မောင်ညွှန့် + ဒေါ်တင်နွယ်အေး (Golden Moon Construction Co; Ltd) တို့ရဲ့ သားလတ် မောင်ထက်ဦးလှိုင်နဲ့၊ ရန်ကုန်မြို့နေ အကယ်ဒမီဦးလွင်မိုး + ဒေါ်မေသူတို့ရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးတို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ် ရေးထိုးပွဲကို ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ မနက် ၁ဝနာရီက Melia Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အကယ်ဒမီလွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးက အသက်၁၉နှစ် ရှိပြီဖြစ်ပြီး မကြာသေးမီက သြစတြေးလျနိုင်ငံက တက္ကသိုလ်တစ်ခုမှာကျောင်းတက်ဖို့အတွက် Foundation အောင်မြင်ထား သူ ဖြစ်ပါတယ်။ သူမရဲ့ချစ်သူ ထက်ဦးလှိုင်ကလည်း အသက်၁၉နှစ်ရှိပြီး သူမနဲ့အတူ သြစတြေး လျနိုင်ငံမှာ ကျောင်းတက်နေသူပဲဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ ချစ်သူနှစ်ဦးက လွန်ခဲ့တဲ့ ၆လ က နှစ်ဖက်မိဘများရှေ့မှောက်မှာစေ့စပ်ကြောင်းလမ်းထားတာဖြစ်ပြီးမင်္ဂလာပွဲကိုတော့ ၂ဝ၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာဆောင်ပြီး သွားရင်လည်း ပညာဆက်လက် သင်ကြား သွားမှာဖြစ်ပြီး ဇန်နဝါရီလကုန်မှာ သြစတြေးလျနိုင်ငံကို ပြန်သွားမှာဖြစ်ကြောင်းသိရပါတယ်။

တူမဖြစ်သူရဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဘကြီးဖြစ်သူ ဒါရိုက်တာမောင်သီက ” Surprise”  ပေါ့ဗျာ။ သူတို့က မနှစ်ကတည်းက စေ့စပ်ထားကြတာပဲ။ မနှစ်ကတည်းက သူတို့က လက်ထပ်ဖို့ပြောတယ်။ ဒီနှစ်ကျတော့ အတင်းပူဆာတော့ လက်ထပ်ပေး လိုက်တာပေါ့။ ကျွန်တော်တို့အမြင်မှာတော့ ကလေးလေးပဲရှိသေးတာပေါ့။ ခေါ်တာကိုကခေးခေးကိုး။ ဖေ့စ်ဘုတ်ခ်မှာတော့ ပွစိတက်နေတာ ပေါ့။ အပြင်မှာလည်း သတင်းတွေကမျိုးစုံပြောနေတာပဲ။ တကယ်တော့ အစောကြီးကတည်းက မိဘတွေကလည်း သိထားပြီးသားတွေပါ။ အစောကြီးကတည်းကလည်း စေ့စပ်ကြောင်းလမ်းပြီးသားတွေပါ။ ဒီနှစ် ကျောင်းသွားတက်တယ်။ ဒီမှာပြန်လာပြီး လက်ထပ်တယ်ပေါ့။ မင်္ဂလာဆုတောင်းပေးချင်တာကတော့ ဇနီးမောင်နှံနှစ်ဦး ကျန်းမာ ချမ်းသာစွာနဲ့ သာသနာအကျိုး၊ လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးဆောက်ရွက်နိုင်ကြပါစေ။ ရွှေလက်တွဲမြဲကြပါစေ။ ရာသက်ပန်မြဲကြပါစေ” လို့ မင်္ဂလာဆုတောင်း ပေးခဲ့ပါတယ်။ လွင်မိုးရဲ့သူငယ်ချင်းဖြစ်သူ ငှက်ပျော်ကြော်ကလည်း “ဒီကလေးက ကျွန်တော်တို့ လေးယောက် လက်ပေါ်မှာကြီးပြင်းလာတယ်ဆိုလည်း မမှားပါဘူး။ လွင်မိုးဇာတ်ကားရိုက်ကူးချိန်တိုင်း အမြဲတမ်းလိုက်နေကျကလေးပါ။  ဒါပေမဲ့ အခု ၁၉နှစ်နဲ့ အိမ်ထောင်ကျသွားတယ်ဆိုတော့ နှမြောတော့နှမြောတယ်။ ဝမ်းလည်းသာတယ်။ ဘာလို့လဲ ဆိုတော့ ဒီလိုမျိုးအဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ စည်စည်ကားကားလေး ဖြစ်သွားတဲ့အတွက် ဝမ်းသာတယ်။  နှမြောတယ်ဆိုတာက ၁၉နှစ်ဆိုတော့ နည်းနည်းတော့ နှမြောတာပေါ့။ ဒါပေမဲ့ဒါတွေက ဘယ်သူကမှ ရှောင်လို့မရတာ။ စောစောစီးစီးအိမ်ထောင်ပြုလိုက်တယ်ဆိုတော့လည်း စောစော စီးစီးဘဝကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာသိသွားတာပေါ့။ ထက်ဦးလှိုင်နဲ့ ယွန်းဝတီလွင်မိုးတို့ဘဝမှာ ရှေ့ဆက်ပြီးလျှောက်လှမ်းရမယ့်လမ်းလေးက အခက် အခဲတွေမြောက်မြားစွာနဲ့ စိန်ခေါ်မှုတွေ အားလုံးကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဆိုပါတယ်။ ထက်ဦးလှိုင်နဲ့ ယွန်းဝတီလွင်မိုးတို့ရဲ့ မင်္ဂလာညစာ စားပွဲကိုတော့ အဲဒီနေ့ ည ၇နာရီက Melia Hotel မှာပဲ ပြုလုပ်ခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071