မြန်မာ-ရုရှားနိုင်ငံရှိ တက္ကသိုလ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေး
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဌ Mr . Evgeny Grigoryev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့ က တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာ-ရုရှား နိုင်ငံရှိ တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်ရေး၊ ခရီးသွားလာရေးကဏ္ဍာဖွံ့ဖြိုးတိုးတက်စေရန် ရုရှားဘာသာစကားသင်ကြားရေး ကိစ္စများဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပညာရေးကဏ္ဍာနယ်ပယ်များ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာတွင် လူစွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး၊ အနာဂတ်တွင် နှစ်နိုင်ငံပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှုချုပ်များတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
