ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအ ရင်းအမြစ်ဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်အသက်မွေးဝမ်းကျောင်းကောလိပ်တို့ကြား ပညာရပ်ဆိုင်ရာအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၂ ရက်က တရုတ်နိုင်ငံ၊ မန်စီမြို့တွင်ကျင်းပသည့် Myanmar-China Think Tank Forum သို့တက်ရောက်ပြီးနောက် နားလည်မှုစာ ချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းနေ့ နေ့လည်ပိုင်းတွင် Myanmar China Dialogue on Cooperation in Medicine and Healthcare သို့တက်ရောက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာ အ ပြန်အလှန်တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ အောက်တိုဘာ ၂၁ ရက်ကလည်း ညွှန်ကြား ရေးမှူးချုပ်နှင့် အဖွဲ့သည် တယ်ဟုန်အသက်မွေးဝမ်း ကျောင်းကောလိပ်တွင် ကောလိပ်သင်ကြားရေးဆေးရုံ၊ သွားဘက်ဆိုင်ရာ၊ တိုင်းရင်းဆေးဆိုင်ရာနှင့် ခန္ဓာဗေဒဆိုင်ရာသင်ကြားရေးထောက်အကူပြုပစ္စည်းများနှင့် လေ့ကျင့်သင်ကြားနေမှုတို့ကိုကြည့်ရှုလေ့လာပြီး ကော လိပ်ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ အသက်မွေးပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။
