အစဉ်အလာအားဖြင့် ပစ္စည်းအသစ်များ၏ ဂုဏ်သတ္တိကို ဖေါ်ထုတ်သောလုပ်ငန်းစဉ်သည် လက်တွေ့စမ်းသပ်မှုများနှင့် ဈေးကြီးသောကိရိယာများစွာကို လိုအပ်သော်လည်း နည်းလမ်းအသစ်သည် ဉာဏ်ရည်တုကို ရူပဗေဒနိယာမများနှင့် ပေါင်းစပ်ထားသဖြင့်ပိုမိုမြန်ဆန်ကာ တွင်ကျယ်စေသည်။
သုတေသနအဖွဲ့သည် ရူပဗေဒနိယာမများကိုလိုက်နာရန် ဉာဏ်ရည်တု မိုဒယ်များကို သင်ကြားပေးသည့် (ပီအိုင်အမ်အယ်လ်) ကို အသုံးပြုခဲ့သည်။ လေ့လာမှုတစ်ခုတွင် ၎င်းတို့၏စနစ်သည် စမ်းသပ်မှုတစ်ခုမှဒေတာကို အသုံးပြု၍ ရော်ဘာကဲ့သို့သောပစ္စည်းများကို တိကျစွာခွဲခြမ်းစိတ်ဖြာနိုင်ကြောင်း ပြသခဲ့သည်။ နောက်တစ်မျိုးမှာ၊ တိုင်းတာမှုအနည်းငယ်ဖြင့် အပူစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးသည့် အပူလျှပ်စစ်ပစ္စည်းများ၏ အဓိက ကျသော ဂုဏ်သတ္တိများကို ခန့်မှန်းသည်။
၎င်းတို့သည် ရူပဗေဒနိယာမများကိုနားလည်ပြီး ယခင်ကမမြင်ဖူးသော ပစ္စည်းအသစ်များ၏ ဂုဏ်သတ္တိများကို ခန့်မှန်းနိုင်သည့် (ပီအိုင်အန်အို) ကိုလည်း ဖန်တီးခဲ့သည်။ ပစ္စည်း ၂၀ ကို လေ့ကျင့်သင်ကြားပြီးနောက် ပစ္စည်းအသစ် ၆၀ ၏ ဂုဏ်သတ္တိများကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ ဤအောင်မြင်မှုသည် စွမ်းအင်၊ အီလက်ထရွန်နစ်နှင့် အင်ဂျင်နီယာဆိုင်ရာနယ်ပယ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းအသစ်များကို ရှာဖွေတွေ့ရှိပြီး ဒီဇိုင်းဆွဲခြင်းကို အရှိန်မြှင့်ပေးနိုင်မည်ဖြစ်သည်။
Ref: အေအိုင်ပို့စ်
