ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်ရှိ ပင်လုံ- ကျောက်တန်းသွားကားလမ်းတွင် အဝေးပြေးခ ရီးသည်တင်ကား ဘရိတ်ပေါက်တိမ်းမှေ+ာက်ခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁ ရက်မွန်းတည့် ၁၂ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ-ကျောက် တန်းသွားကားလမ်းအတိုင်းမောင်းနှင်လာသည့် အဝေးပြေးခရီးသည်တင်ကားသည် အခင်းဖြစ်နေရာ မိုင်တိုင်အမှတ် ၂၇/၁ အရောက်ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှေ-ာက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ များရှိနေသဖြင့် ပင်လုံနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်း ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်တွင် အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၂) ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြတ်နှလုံးသားသွေးလှူလူမှုကူညီရေးအသင်းမှ ပင်လုံမြို့ပြည်သူ့ဆေးရုံနှင့် လွိုင်လင်မြို့နယ်ပြည်သူ့ဆေးရုံတို့သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။